Professional Authors

ဗေဒါလမ်း (၄) – မှန်းဖို့လိုပဲ (ဇော်ဂျီ)

မဗေဒါ၊ ဘယ်ရွာဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ။
ဒီတက်လျင်ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင် ၊ ဆန်လိုက်သည်ပဲ။

မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ၊ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ
ဒီကျလျင်ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင်၊ စုန်လိုက်သည်ပဲ။

ဘုတ်မက အီ၊ ပီပီက သံမစဲ၊
မဗေဒါ စုန်ဆန်လမ်းကို ၊ မှန်းဘို့လိုပဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)

In: ကဗျာ,ဇော်ဂျီ Posted By: Date: May 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment