Professional Authors

ငတုံးကြီးကိုယ့်ကို…

အဖိုးတန်စိတ်ကူးတစ်ချို့
သားသားနားနားပဲ ထုပ်ပိုးထား
ပဲစားတိုင်း လေမလည်နိုင်တဲ့အဖြစ်
ဖင်ပြန်ခေါင်းပြန်ကြည့်လိုက်တော့
အရာမ၀င်ခဲ့တဲ့ကိုယ်ဟာ ငတုံးကြီး
ခပ်တည်တည် ရောကြိတ် ဖြီးဖိန့်
ပြဇတ်တစ်ပုဒ်ကို တစ်ယောက်တည်းကနေခဲ့သူ
ပျော်သလိုကမရတဲ့အဆုံး တော်သလို ကခဲ့ရသူ
ငတုံးကြီးကိုယ်ဟာ..
ကြိုးမိန့်ကျခံရတောင် ငိုကြွေးဖို့မျက်ရည်ရှာမရသူ
အခမ်းနားဆုံးဝမ်းနည်းကြေကွဲမှုတွေကို
ကိုယ်တတ်နိုင်တဲ့ နားလည်ခြင်းတွေနဲ့ပဲ ခြယ်မှုန်း
ရူးသလိုကြောင်သလိုပဲ ခပ်ပေါပေါနေပြရ
နှလုံးသားမရှိတော့တဲ့ ရင်ဘတ်ဟောင်းလောင်းကြီးနဲ့လူ
ကိုယ့်ကို ကြိုက်သလိုသာ စီရင်လိုက်ပါတော့ ။ ။

မိုးသစ် (ခ) မိုးလူ

In: ကဗျာ Posted By: Date: Nov 14, 2012
Comment #1

အခမ်းနားဆုံးဝမ်းနည်းကြေကွဲမှုတွေကို
ကိုယ်တတ်နိုင်တဲ့ နားလည်ခြင်းတွေနဲ့ပဲ ခြယ်မှုန်း
ရူးသလိုကြောင်သလိုပဲ ခပ်ပေါပေါနေပြရ
နှလုံးသားမရှိတော့တဲ့ ရင်ဘတ်ဟောင်းလောင်းကြီးနဲ့လူ
ကိုယ့်ကို ကြိုက်သလိုသာ စီရင်လိုက်ပါတော့ ။ ။

commentinfo By: အသဲကွဲ မိုး at Nov 14, 2012
Comment #2

Daw daw tin sarr tat tar pe.
A yann daw Dar be naw.

commentinfo By: ei lay at Nov 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment