Professional Authors

ဒီကဗျာကိုဖတ်ခြင်းသည် ဆေးလိပ်သောက်ခြင်းသကဲ့သို့ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါသည်။

ဒီကဗျာကိုဖတ်ခြင်းသည် ဆေးလိပ်သောက်ခြင်းသကဲ့သို့ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါသည်။

ငါ့ထုံးစံအတိုင်းပဲ
အဆိုးဘက်ကရပ်ခဲ့တာပါ
ဘယ့်သူ့ကိုမှ ထိခိုက်နာကျင်စေဖို့
မရည်ရွယ်ပါဘူး
ပါးစပ်က အကျင့်ပါသလိုသာ
လျှောက်ခဲ့တာ…။
စကားဆိုတာပြောရင်ပြောသလို
မပြောရင်မပြောသလိုနဲ့
ငါ့ကိုအံဝင်ခွင်ကျဒုက္ခပေးတဲ့အကောင်ပဲ
ကိုယ့်ကိုကိုယ် ပိပိရိရိ ညာထားသမျှတွေ
သူနဲ့တွေ့မှ ဟိုဟာနင်းဒီဟာနင်းဖြစ်ကုန်တယ်…။
ဟာသဆိုတာဘယ်လိုမျိုးလဲ
ကောင်းကောင်းကန်းကန်း
အဲဒီလိုဆိုတော့ မကောင်းမကန်း
လက်ရေးကလည်းလူဖတ်လို့မရဘူး
စာလုံးပေါင်းကလည်းအမြဲမှားတယ်
အတွေးအခေါ်တွေကလည်း ခွေးပဲနားလည်တယ်(များသောအားဖြင့်)
အေးလေ ငါ့ကဗျာတွေကို(များသောအားဖြင့်)
ခွေးပဲအားပေးဖတ်နေကျကို…။

မြေနံ့

In: ကဗျာ Posted By: Date: Jul 3, 2011
Comment #1

နင်ပြောတဲ့ ခွေးက အခုလဲလာဖတ်သွားတယ်နော် ကောင်းပါ့ကောင်းပါ့

commentinfo By: မိုးသဲ at Jul 14, 2011
Comment #2

အဟားဟား .. ကျွန်တော်လဲ အားပေးသွားပါတယ် .. 😀

commentinfo By: Wa Na at Dec 27, 2011
Comment #3

ကျေးဇူးပဲ ….

commentinfo By: SoFarAwayFromU at Dec 31, 2011
Comment #4

လာလဲဖတ်ရော….ခွေးကြီးလဲဖြစ်ရော ဟားဟား မိုက်တယ်ဗျို

commentinfo By: နိုးဆက် နေ့ at Jan 1, 2013
Comment #5

😛

commentinfo By: ei lay at Jan 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment