Professional Authors

အဖော်

အနဲဆုံးတော့ ငါအမေ ကိုရှက်တယ်

မင်းပေးတဲ့လက်ဆောင်တွေ ပြန်ပို့ဖို့ထုတ်တိုင်း

အမေ သက်ပြင်းချတယ်

မမေးသာ တဲ့အမေ

ပြောစရာမရှိတဲ့ ငါ

ခဏ ခဏ ကြေကွဲကြရတယ်

 

လက်တွဲဖော်ရှာတာ

ကိုယ်သေကြောင်း

ကိုယ်ကြံစီသလို

ငါခံစားရတယ်

 

အဖော် အဖြစ်တဲ့

မင်း လိုအပ်တဲ့ အချိန်

ငါ အဆင်သင့်

အားပေးဖော် ၊ တိုင်ပင်ဖော်

နှစ်သိမ့်ဖော် ၊ ဖြည့်စွမ်းပေးသူ

ဖြစ်ခဲ့ပေမဲ့

ငါအတွက်တော့

ဗလာ

မှီတွယ်ရာမရှိ

တိုင်ပင်စရာဝေး

ရင်ဖွင့်ဖို့မရှိ

ကိုယ်ဇတ်ကိုယ်မနိုင်

 

အကြွေးရှိလို့ ဆပ်နေရတာလား

ကိုယ်တယောက်ထဲ ခံစားရူးနေတာလား

ငါကိုညာစားတာလား

ငါရူးနေလို့

ငါနှလုံးရောဂါရှိနေလို့

သနားသဖြင့်

ငါကို မသေမရှင်

ကြိုး တန်းလန်းထားတာလား

လား လား   လား လား နဲ့

 

 

အဖော်ဆိုတာ

တခါတခါ တွေးမိပါရဲ့

 

ကွန်ဒုံးလိုများ

လိုအပ်တဲ့ခါသုံးပြီး လွှတ်ပြစ်တာမျိုးလား။

 

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-fareast-font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

In: ကဗျာ Posted By: Date: Dec 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment