Professional Authors

“စိတ်ရဲ့အဖော်…”

             

အသံပျောက်နေပါလားနွေ….
နွေဟာသူမဟုတ်သလိုပဲ…
ရွက်ကြွေတွေခြွေချတာကလွဲလို့…
သူ..မတတ်တော့ဘူးထင်တယ်…

မင်းမှာချိုသာစရာတွေရှိတယ်လေနွေ…
အဖော်ပျောက်ငှက်သံနဲ့…
ဆွေးကောင်းတဲ့လေရူးတွေ…
လွမ်းကောင်းတဲ့မြူမှုန်တွေ…
တပ်မက်သူအတွက်…မျှော်လင့်စရာတွေပါနွေ…

ချစ်သူကပြောဖူးတယ်နွေ…
လေပြေငါ့ကို ပွတ်တိုက်တာတောင်မကြိုက်ဖူးတဲ့…
မင်းရဲ့ လေရူးတွေဆို..သူငိုမလားမသိ…
(ဟူးးးးးး)
သူ..မသိစေနဲ့နော်နွေ…
သူငိုမှာငါကြောက်တယ်…

သူကချစ်ဖို့ကောင်းတယ်နွေ…
ငါ သတ်ပုံမှားသမျှခွင့်လွှတ်တယ်…
ငါ..သူ့အတွက်ကြက်ခြေမရခဲ့ဖူးဘူးနွေ…
သူငါ့ဘေးမှာအမြဲရှိမယ်တဲ့…
မင်း..ငါ့အတွက်ပျော်ပေးနော်နွေ…

(သား…ဆေးသောက်ရအောင်…)

.×..×…×..×
ရှူးးးးး…တိုးတိုးနေနွေ…
မေမေ့ကို မင်းနဲ့စကားပြောတာမသိစေချင်ဘူး…
ခဏစောင့်နော်နွေ….
သူ့အကြောင်းဆက်ပြောပြမယ်…
ခု…ငါ..ဆေး..သောက်..လိုက်..ဦး..မယ်…နော်..

In: ကဗျာ Posted By: Date: Mar 8, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment