Professional Authors

ဘဝ

ဝိုးတ၀ါး အလင်းရောင်အောက်

ရိုးရိုးသားသား ဖြတ်သန်းနေတဲ့

လူသားတွေ ကြိုးစားသမျှ

အရာမထင်တာတော့ ရင်နာတယ်…

 

မြို့ပြကြီး လင်းလာတော့

နိုးစက်ကြီးက ထအော်တယ်

“ပုရွက်ဆိတ်တွေ ထတော့တဲ့”

ပုရွက်ဆိတ်တွင်းကထွက်လို့

ခါးသက်တဲ့နေ့တနေ့ကို ထပ်ကူးရပြန်တယ်…

 

နေ့နဲ့ည ညနဲ့နေ့က

လည်ပတ်နေတာ နားချိန်မရှိကြဘူး

လူတွေရဲ့ သံသရာကလဲ

ဘာကိုမှ ဂရုမစိုက်ပဲ လည်ပတ်စမြဲပဲ…

 

နိမ့်တလှည့် မြင့်တလှည့်

ချိုတလှည့် ခါးတလှည့်

ငိုတလှည့် ပြုံးတလှည့်နဲ့

လောကကြီးကို သရုပ်ဆောင်ပေးတဲ့

လူတွေကို သနားမိပါတယ်…

 

လူတယောက် အနိုင်ရဖို့အတွက်

တခြားတယောက်က အရှုံးပေးရတယ်

လူအချင်းချင်းဘာလို့ အတ္တတွေပြင်းနေရတာလဲ?

အတ္တဆိုတာ လောကကြီးက ဖန်တီးထားတဲ့မိတ်ကပ်လေးပဲ

ဆင်မြန်းထားရတာ ပူလောင်လွန်းပါတယ်…

 

တစ်လမ်းထဲသွားနေတဲ့

ခရီးသွား အချင်းချင်း

ဘာလို့ မာန်မာနတွေမရှင်းတာလဲ?

လောကကြီးရဲ့ Circus ကွင်းမှာ

Joker လေးတွေမဖြစ်ချင်စမ်းပါနဲ့…

 

ရိုးသားခြင်းကို ငါခံယူလို့တဲ့

လောကကြီးက ဥပက္ခာပြုတယ်

ငါထုဆစ်လာတဲ့ ဘ၀ကိုတော့

ဟိုမရောက် ဒီမရောက်လုပ်တဲ့

လောကကြီးကို စိတ်လေတယ်…

 

ပျော်ရာမှာမနေရ တော်ရာမှာနေရတဲ့

ငါဒီနေရာမှာ မနေချင်တော့ဘူး

အမဲရောင်ဘ၀ထဲက မကျွတ်မလွတ်ဖြစ်နေလို့

ငါ့ကိုအမျှဝေပေးကြပါ…

In: ကဗျာ Posted By: Date: Jun 30, 2011
Comment #1

-:)

commentinfo By: pannei at Jun 30, 2011
Comment #2

နိမ့်တလှည့် မြင့်တလှည့်
ချိုတလှည့် ခါးတလှည့်
ငိုတလှည့် ပြုံးတလှည့်နဲ့
လောကကြီးကို သရုပ်ဆောင်ပေးတဲ့
လူတွေကို သနားမိပါတယ်…
မင်းကိုချစ်တဲ့သူ…ကောင်းပါတယ်။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 30, 2011
Comment #3

🙂

Leave Comments

Name*

Email*
Website
Email me whenever there is new comment