နင်ကိုယ်တိုင်ကရော…….????
Comment #2
“သစ္စာမရှိတဲ့ မိန်းမ”လို့ ငါ့ကို မစွပ်စွဲပါနဲ့
နင်ကရော
သစ္စာရှိခြင်းရဲ့ အဓိပ္ပါယ်က
ဘယ်လိုဘယ်ဝါဆိုတာ ငါသိအောင် ပြသခဲ့ဖူးလို့လား….?
“ကတိပျက်တဲ့မိန်းမ “လို့ ငါ့ကိုလာ မခနဲ့ ပါနဲ့
နင်ပြောသော စကားတွေတိုင်း
တည်တံ့နေအောင် လုပ်ဆောင်ဖို့
နင် အထူးတလည် ကြိုးစားပေးဖူးလို့လား….?
“ခံစားချက်တွေ ပေါ့ပျက်တဲ့ မိန်းမ” လို့ မဝေဖန်ပါနဲ့
ငါ့အတွက်ဆို
နင်…..
လေးလေးနက်နက် အကြောင်းပြချက်နဲ့
ကြည်နူးမှုတွေ ဆောင်ကျဉ်းပေးခဲ့ဖူးလို့လား……?
“အကြင်နာမရှိတဲ့ မိန်းမ” လို့ နင် လာမသတ်မှတ်ပါနဲ့
ငါပြုစုပေးခဲ့သော သံယောဇဉ်တွေကို
နင်ကရော
အစဉ်တစိုက် ဂရုစိုက်ပေးခဲ့ဖူးလို့လား….?
“နှလုံးသားမပါတဲ့ မိန်းမ” လို့ နင် နာမည်မတပ်ပါနဲ့
တကယ်တမ်း ဖြစ်ပေါ်ခဲ့ဖူးသော
ငါ့နှလုံးသား ရင်ခုန်ခြင်းမှာတမ်းတွေအတွက်
နင့် ဦးနှောက်ကရော
အစိုက်မတ်မတ် ဦးစားပေးခဲ့ဖူးလို့လား……?။။
ကြိက်သွားပြန်ပြီ….။
By: Pyone Lhant Naung at Jun 29, 2011
Comment #3
sO niCe ….
By: angel at Jun 29, 2011
Comment #6
ကဗျာစာသားတွေအရမ်းကိုကောင်းပါတယ်။
အားပေးသွားပါတယ်။
By: poem.poem28 at Jun 29, 2011
Comment #8
ဟုတ်ပါတယ် မိန်းမတွေမှာလည်း ဒီလို စိတ်တွေရှိတယ်ဆိုတာ အသိပေးထားတာရှင့်
မိန်းမဆိုတာ မိန်းမပါပဲ
ဒါပေမယ့်
မိန်းမတွေအားလုံးလည်း ခပ်ညံ့ညံ့အလျှော့ပေးနေတက်ကြတာမဟုတ်ကြောင်း……
ရေးတက်သလိုလေး ရေးထားလိုက်တာ….
ကျေးဇူးပါ ကဗျာလေးကို အားပေးတဲ့ အတွက်….။ ။
By: Teardrop at Jun 30, 2011
Comment #9
မိန်းမနဲ့ယောက်ကျား
သဘာဝချင်းမတူတာကိုပြောတာပါ
ဘာသဘောမှမပါပါဘူး
ကဗျာလေးကကောင်းပါတယ်
အားပေးနေမှာပါ…..
By: laminpaing at Jun 30, 2011




Comment #1
“နှလုံးသားမပါတဲ့ မိန်းမ” လို့ နင် နာမည်မတပ်ပါနဲ့
တကယ်တမ်း ဖြစ်ပေါ်ခဲ့ဖူးသော
ငါ့နှလုံးသား ရင်ခုန်ခြင်းမှာတမ်းတွေအတွက်
နင့် ဦးနှောက်ကရော
အစိုက်မတ်မတ် ဦးစားပေးခဲ့ဖူးလို့လား……?//
Good poems . 🙂