Professional Authors

အဲဒီညက အဲဒီလိုဖြစ်ခဲ့ကြတယ်

ညတစ်ညရဲ့ အမှောင်ထုကို
အလင်းတစ်ခု ပစ်ခွင်းလိုက်တယ်
နက်မှောင်နေတဲ့ ကောင်းကင်ထက်မှာ
လင်းလက်တဲ့ လျှပ်စီး…။

ညတစ်ညရဲ့သာယာမှုကို
အသံတစ်ခု နှစ်သွင်းလိုက်တယ်
တိတ်စိတ်တဲ့ ကမ္ဘာ ဘက်ခြမ်းမှာ
ကြမ်းတမ်းတဲ့ မိုးချုန်းသံကြီး..။

ဖြောက်ဖြောက်ကျကာ
သံဝါမပျက်၊တစ်စက်စက်ဖြင့်
အဆက်အစဉ်၊ တစ်သွင်သွင်နှင့်
ရွာလျှင်မတိတ်၊ မိုး၏စိတ်ပင်
ထင်ချင်ထင်ကြ၊ ထင်ရလောက်တဲ့
မိုးရဲ့ညမှာ…
လင်းလက်လာတဲ့ လျှပ်စီး
ပေါ်ထွက်လာတဲ့မိုးချုန်းသံ
သာသာယာယာ ညကမ္ဘာကို ဖျက်စီး…။

ဒီလိုပဲ…
ဒီညမှာပဲ…
ငါ့ဘဝရဲ့ ရင်ခုန်သံကို
မင်းရဲ့အမုန်း ဝင်ပူးလိုက်တယ်
အေးချမ်းနေတဲ့ ရင်ခွင်မှာ
မင်းကြောင့် အပူလှိုင်းဝင်စီး
ငါ့ဘဝကြီး ပျက်စီး…..။    ။

(ဒီညမှာပဲ လမ်းခွဲခဲ့တယ်၊ ဒါပေမယ့် ငါမလွမ်းခဲ့ဘူး)

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jun 23, 2011
Comment #1

ကိုဇော်သက်ဦးအားပေးသွားပါတယ်။
ငါ့ဘဝရဲ့ ရင်ခုန်သံကို
မင်းရဲ့အမုန်း ဝင်ပူးလိုက်တယ်
အေးချမ်းနေတဲ့ ရင်ခွင်မှာ
မင်းကြောင့် အပူလှိုင်းဝင်စီး
ငါ့ဘဝကြီး ပျက်စီး…..။ ။

commentinfo By: poem.poem28 at Jun 23, 2011
Comment #2

ဒီလိုပဲ…
ဒီညမှာပဲ…
ငါ့ဘဝရဲ့ ရင်ခုန်သံကို
မင်းရဲ့အမုန်း ဝင်ပူးလိုက်တယ်
အေးချမ်းနေတဲ့ ရင်ခွင်မှာ
မင်းကြောင့် အပူလှိုင်းဝင်စီး
ငါ့ဘဝကြီး ပျက်စီး…..။ ။
ကောင်းပါတယ်…။

commentinfo By: အမြဲစိမ်း at Jun 23, 2011
Comment #3

ကျေးဇူးအထူးတင်တယ် ညီလေးpoem.poem28 …။

Comment #4

ညီမလေး အမြဲစိမ်းကိုလည်းကျေးဇူး…။

Comment #5

ဇော်သက်ဦး ရေ…အားပေးပါတယ်…
မိုး ကိုမနှစ်သက်တာခြင်းတူလို့ …..

commentinfo By: minratha at Jun 24, 2011
Comment #6

ထပ်တူထပ်မျှ ခံစားပေးလို့ ကျေးဇူးတင်ပါတယ် မင်းရသ…။

Comment #7

ဒီလိုပဲ…
ဒီညမှာပဲ…
ငါ့ဘဝရဲ့ ရင်ခုန်သံကို
မင်းရဲ့အမုန်း ဝင်ပူးလိုက်တယ်
အေးချမ်းနေတဲ့ ရင်ခွင်မှာ
မင်းကြောင့် အပူလှိုင်းဝင်စီး
ငါ့ဘဝကြီး ပျက်စီး…..။ ။

commentinfo By: Zar Zar at Jun 24, 2011
Comment #8

ညတစ်ညရဲ့ အမှောင်ထုကို
အလင်းတစ်ခု ပစ်ခွင်းလိုက်တယ်
နက်မှောင်နေတဲ့ ကောင်းကင်ထက်မှာ
လင်းလက်တဲ့ လျှပ်စီး…။

ညတစ်ညရဲ့သာယာမှုကို
အသံတစ်ခု နှစ်သွင်းလိုက်တယ်
တိတ်စိတ်တဲ့ ကမ္ဘာ ဘက်ခြမ်းမှာ
ကြမ်းတမ်းတဲ့ မိုးချုန်းသံကြီး..။

ဖြောက်ဖြောက်ကျကာ
သံဝါမပျက်၊တစ်စက်စက်ဖြင့်
အဆက်အစဉ်၊ တစ်သွင်သွင်နှင့်
ရွာလျှင်မတိတ်၊ မိုး၏စိတ်ပင်
ထင်ချင်ထင်ကြ၊ ထင်ရလောက်တဲ့
မိုးရဲ့ညမှာ…
လင်းလက်လာတဲ့ လျှပ်စီး
ပေါ်ထွက်လာတဲ့မိုးချုန်းသံ
သာသာယာယာ ညကမ္ဘာကို ဖျက်စီး…။

ဒီလိုပဲ…
ဒီညမှာပဲ…
ငါ့ဘဝရဲ့ ရင်ခုန်သံကို
မင်းရဲ့အမုန်း ဝင်ပူးလိုက်တယ်
အေးချမ်းနေတဲ့ ရင်ခွင်မှာ
မင်းကြောင့် အပူလှိုင်းဝင်စီး
ငါ့ဘဝကြီး ပျက်စီး…..။ ။

(ဒီညမှာပဲ လမ်းခွဲခဲ့တယ်၊ ဒါပေမယ့် ငါမလွမ်းခဲ့ဘူး)
တစ်ပုဒ်လုံးကောင်းတယ်…..။

commentinfo By: ရဲကိုကို at Jun 24, 2011
Comment #9

ဖြောက်ဖြောက်ကျကာ
သံဝါမပျက်၊တစ်စက်စက်ဖြင့်
အဆက်အစဉ်၊ တစ်သွင်သွင်နှင့်
ရွာလျှင်မတိတ်၊ မိုး၏စိတ်ပင်
ထင်ချင်ထင်ကြ၊ ထင်ရလောက်တဲ့
မိုးရဲ့ညမှာ…
လင်းလက်လာတဲ့ လျှပ်စီး
ပေါ်ထွက်လာတဲ့မိုးချုန်းသံ
သာသာယာယာ ညကမ္ဘာကို ဖျက်စီး…။
ကာရံလေးတွေပိုကြိုက်တယ်..။
အားပေးသွားတယ်..။

commentinfo By: မိုးမိုး at Jun 24, 2011
Comment #10

ညတစ်ညရဲ့ အမှောင်ထုကို
အလင်းတစ်ခု ပစ်ခွင်းလိုက်တယ်
နက်မှောင်နေတဲ့ ကောင်းကင်ထက်မှာ
လင်းလက်တဲ့ လျှပ်စီး…။

ညတစ်ညရဲ့သာယာမှုကို
အသံတစ်ခု နှစ်သွင်းလိုက်တယ်
တိတ်စိတ်တဲ့ ကမ္ဘာ ဘက်ခြမ်းမှာ
ကြမ်းတမ်းတဲ့ မိုးချုန်းသံကြီး..။

ဖြောက်ဖြောက်ကျကာ
သံဝါမပျက်၊တစ်စက်စက်ဖြင့်
အဆက်အစဉ်၊ တစ်သွင်သွင်နှင့်
ရွာလျှင်မတိတ်၊ မိုး၏စိတ်ပင်
ထင်ချင်ထင်ကြ၊ ထင်ရလောက်တဲ့
မိုးရဲ့ညမှာ…
လင်းလက်လာတဲ့ လျှပ်စီး
ပေါ်ထွက်လာတဲ့မိုးချုန်းသံ
သာသာယာယာ ညကမ္ဘာကို ဖျက်စီး…။

ဒီလိုပဲ…
ဒီညမှာပဲ…
ငါ့ဘဝရဲ့ ရင်ခုန်သံကို
မင်းရဲ့အမုန်း ဝင်ပူးလိုက်တယ်
အေးချမ်းနေတဲ့ ရင်ခွင်မှာ
မင်းကြောင့် အပူလှိုင်းဝင်စီး
ငါ့ဘဝကြီး ပျက်စီး…..။ ။

(ဒီညမှာပဲ လမ်းခွဲခဲ့တယ်၊ ဒါပေမယ့် ငါမလွမ်းခဲ့ဘူး)
ကဗျာလေးကို အရမ်းကြိုက်တယ်…..။

commentinfo By: အမြဲစိမ်း at Jun 24, 2011
Comment #11

ကျေးဇူးတင်ပါတယ် ဇာဇာ..။

Comment #12

ရဲကိုကို လည်းကျေးဇူး..။

Comment #13

ကျေးဇူးတင်ပါတယ် မိုးမိုးရေ….။

Comment #14

ညီမလေး အမြဲစိမ်း ကျေးဇူးပါပဲ….။

Comment #15

ကဗျာလေးကိုအားပေးသွားတယ်နော်…..

commentinfo By: sandi at Jun 27, 2011
Comment #16

ကျေးဇူး….။
မပေးချင်ပဲပေး တဲ့ Comment ..
ကျေးဇူးတင်ရမှာတောင်
ခပ်လန့်လန့်..။

Comment #17

ငါလွတ်သွားတဲ့ ကဗျာပဲ…..။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #18

ဒီလိုပဲ…
ဒီညမှာပဲ…
ငါ့ဘဝရဲ့ ရင်ခုန်သံကို
မင်းရဲ့အမုန်း ဝင်ပူးလိုက်တယ်
အေးချမ်းနေတဲ့ ရင်ခွင်မှာ
မင်းကြောင့် အပူလှိုင်းဝင်စီး
ငါ့ဘဝကြီး ပျက်စီး…..။ ။
အရမ်းမိုက်တယ်…..
လေးစားလျှက်

commentinfo By: sharon myorr myor at Dec 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment