Professional Authors

…. အဲဒီညက..နံရိုးမလေး…အဲဒီ ( အချစ်) မှာ နိဒါန်းပျိုးခဲ့ ရတယ် …… ( sharon )


မိန်းမတစ်ယောက် ၏  ဒူး ထောက် ခြင်းကို အချစ် လို့ ခေါ် နိုင် ပါရဲ့ လား

 

 ကြည့်ကွယ်

နိဒါန်း ဟာ မလှ ပြန် ဘူး

 

ပုံဖော် ဖန်တီး  ရယူလို မှု  ဟာ အချစ် ( စိတ်)

တွယ်တာ ခြင်း ၀ဋ် ထဲ လှိုက် လှိုက် လောင်  ( လှ )  လွန်း တယ်

 

 

မနွယ် ပါ နဲ့  ..မာယာအသေကြီး နဲ့  …. ( အငဲ _ ဗျူဟာ )

 

 

အချိန် လား ….မသိ

နေရာ လား ….မသိ

အခြေ အနေ လား …မသိ

အင်း ပေါ့

တမ်းမွတ် စိတ် က  စည် မဲ့  ကမ်း မဲ့ 

 

 

ငါး ခုမြောက် စာ မျက် နှာ အလွန်

အချစ် အတွက်  သေဆုံးခြင်း တွေ လှလှ ပပ မွေးဖွား  (စတင် )

ချ ရေး မိ တိုင်း ရင် ခုန် တယ်

 

 

 “ ကျွန် မ သေ လောက် အောင် သူ့ ကို ချစ် တယ် “

 

အိပ် မက် တို့ ……   လက် တစ်ကမ်းမှာ ပွင့် ဖူး

အဆုံး  …   ဆုံးသည် ထိ

အဲ ဒီ အသိုက် အမြုံ လေး မှာ  ထာ ၀ ရ ခြေ ချ

 

 

မြတ် နိုး လွန်း စွာ သော ကွန် ယက် လေး ပေါ့

အိပ် မော ကျ ချိန် မှာ တောင် ကဗျာ ရွတ် သံ နဲ့  ချို တဲ့ အိမ် လေ

 

 

နွံ

လို လား လွန်း စွာ  နစ် ၀င် ပစ် မိတယ်

 

အချစ် မှာ ကျဆုံး သွား တဲ့ ဇာတ် ၀င်ခန်း …. ပိုမို အသက် ၀င်လာ ခဲ့ ပြီ ထင်

 မြင် မြင် ရ သမျှ … အရှိုး ရာတွေ

ဆက်  ထုံး ( အချစ် ) တွေ  နဲ့ မကင်း ဘူး…..

 

 

ဒဏ်ရာ အကြောင်း  လူ ပြော သူ ပြော များ  ပါတယ်

အနာ ဂတ် လမ်း မှာ  ( အချစ် ရေ ) ဆူး တွေ ချ နင်း ရဦးမယ်

 

 

ကမ္ဘာဦး အစ ကို လှည် ပြန် ကြည့် စမ်း ကွဲ့ 

ပျောက် ဆုံး နေတဲ့ နံရိုး လေး ကို လည်း ဖွေ ကာ ရှာ ဦး ကွဲ့ 

အနမ်း တပွင့် နဲ့ အချစ် ရှိ ရာ  သူ ( မ )  အိပ် ပျော် ချင် ယောင် ဆောင် နေမလား ပဲ

 

ဝန် ခံ ရ ရင်……..

မျက် ၀န်း တချက် အပင့် မှာ နံရိုးမ လေး ရဲ့ ကမ္ဘာ ခု ပါသွားခဲ့ လေတယ်

“  ကျွန် မ သူ့  ကို သေ လောက်  အောင်  ချစ် တယ် ”

 

အချစ် =  အသက်

ရှင် သန် နေ သရွေ့    အချစ်

အဆုံး ထိ ဖြစ် ၏ တည် ၏

 

ဆို ရ ရင် …..

မိန်း မ တစ် ယောက် ၏ ဒူး ထောက် ခြင်းကို အချစ် လို့ ခေါ် နိုင် ပါ ရဲ့ လား

 

  …. sharon ….

 

 

 

In: ကဗျာ Posted By: Date: May 30, 2012
Comment #1

right,,

commentinfo By: ei lay at May 30, 2012
Comment #2

ရှာရွန် . . .
အမြဲတမ်းအားပေးနေပါတယ်
ဒီကဗျာကိုတော့ ကွန်မန့်မရေးဘဲ မနေနိုင်လို့ကို ရေးလိုက်တာ
အရမ်းကို ကောင်းတယ်

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at May 31, 2012
Comment #3

အမြဲတမ်းအားပေးနေကြတဲ့ ဆရာ သမားတွေ ကို ကျေးဇူးပါ
@ Ei ကျေးဇူးအများကြီးတင်တယ် ..ရွာ ကို ခခ မရောက် ဖြစ် ဘူး သတိရတယ် နေကောင်အောင်နေ နော်

commentinfo By: sharon myorr myor at Jun 1, 2012
Comment #4

hti mat ai hkam sha let…dumlet

commentinfo By: တာဇံ at Jun 16, 2012
Comment #5

ကျေးဇူးပါ 😀

commentinfo By: sharon myorr myor at Jul 4, 2012
Comment #6

my love=my life=my power

commentinfo By: ei lay at Jul 4, 2012
Comment #7

ချစ်စရာ ညီမျှခြင်းလေး ပါလား အိ 🙂

commentinfo By: sharon myorr myor at Jul 30, 2012
Comment #8

😛
he,,he,,
hote,
thz,,chit myor yae,

commentinfo By: ei lay at Jul 30, 2012
Comment #9

အမ…တကယ်ကောင်းတယ်ဗျာ…
အရေးအသားကလည်းရှယ်ပဲ….
အမြဲအားပေးနေပါတယ်….အမ

commentinfo By: poem.poem28 at Jul 31, 2012
Comment #10

ချစ်စရာကောင်းတဲ့ အရေးအသားပါဘဲဗျာ

commentinfo By: 13th at Nov 30, 2012
Comment #11

အစ်မရဲ့ ကဗျာကိုဖတ်ရှုအားပေးသွားတဲ့ အိ ရယ်
မောင်လေး ငရဲ
နောက် 13 th
အားလုံးကိုကျေးဇူးတင်ပါ၏ ။ 🙂

commentinfo By: sharon myorr myor at Dec 4, 2012
Comment #12

ချ ရေး မိ တိုင်း ရင် ခုန် တယ်
အိပ် မော ကျ ချိန် မှာ တောင် ကဗျာ ရွတ် သံ နဲ့  ချို တဲ့ အိမ် လေ
ဆို ရ ရင် …..
ရေးဖွဲ့ ထားတာလှသဗျာ

commentinfo By: cherry4cheery at Sep 22, 2013
Comment #13

read again.
feel again.
My feeling is Never change.

I miss u so much,myor.
where r u now?
:'(
:'(
plz come back .
i m waiting for u.

commentinfo By: ei lay at Sep 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment