Professional Authors

အဲဒီလို တေလေ

ဟောဒီကောင်လေးပေါ့ 

လမ်းဘေးက ကဖေးမှာ

သူထင်ရာ မြင်ရာ

အချစ်ကဗျာတွေချချပြနေရတာ

သူ့ ကဗျာတော့  စာမူမှာပါမလာဘူး။

ရိုးရိုးသားသား မျှော်လင့်ချက်နဲ့ပါ

စံပယ်တွေဖူးလာမဲ့ နေ့ ကိုစောင့် လို့ 

ဒါပေမဲ့ လေ……………..

အချိန်တွေသာ ကုန်လွန်လာတယ်

အလေ့ကျပွင့်တဲ့  ပန်းလေးတစ်ပွင့်တောင်

သူ့ အနားဖူးပွင့်မလာခဲ့ဘူး။

သူဌေးအချို့ 

ကုန်တိုက်ထဲမှာ ကြီးပွားနေတာ သူမသိခဲ့ဘူး။

ရွှေငါးလေးတွေ

ရေအောက်ထဲမှာ ပျော်မြူးနေတာ သူမမြင်ခဲ့ဘူး။

လောဘတက်နေတဲ့ 

ဂျော်ကာတစ်ကောင်အကြောင်း သူနားမလည်ခဲ့ပါဘူး။

အေးဆေးပါပဲ…………

စံပယ်မပွင့်တဲ့ ရပ်ဝန်းရဲ့  ကဖေးမှာ

သူကတော့  ရေးတုန်း…. ဆွေးတုန်း

အများပြောတဲ့  တေလေဆိုတာ

သူပါတဲ့ ………..

In: ကဗျာ Posted By: Date: Dec 28, 2011
Comment #1

အဲဒီလို တေလေ..ထဲမှာလဲ ကျွန်တော်လည်းးပါမယ်ထင်တယ်ဗျ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 28, 2011
Comment #2

တေလေ လေးပါဘဲ။

commentinfo By: သက်ထားငြိမ် at Dec 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment