Professional Authors

ရေစိုသွားသောအိပ်မက်များ


ကမ်းတွေကိုဖျောက်ပစ်ကြမယ့်အတူတူ

လှိုင်းရေ . . . မလာပါနဲ့တော့

ကြေးစားဆန်သွားတဲ့ရင်ခွင် . . . သူ့အဓိပ္ပါယ်နဲ့သူ ရှိပါစေ ၊

 

စကားလုံးတိုင်း အစစ်အမှန်ဖြစ်ဖို့မလိုပေမယ့်

ဖြစ်ရပ်တွေတိုင်းက အသံကျယ်ဖို့လိုနေပါလိမ့်မည် ၊

အတူတွဲမလျောက်ချင်တဲ့ ခြေလှမ်းအတွက်တော့

ဖိနပ်တွေကိုစီးပြီး .. ခရီးတွေကို ငြင်းဆန်ကြပါစို့ ၊

 

ရန်သူကိုလက်ဆွဲနှုတ်ဆက်ဖို့အထိ

ကျနော့်လက်နှင့် စိတ်ရောကိုယ်ပါ မယဉ်ကျေးနိုင်ကြောင်းကို

စိတ်လိုလက်ရပြောပြဖို့ ကျနော့်စိတ်ဓါတ်တို့လျော့ရဲလွင့်ပါးနေပါသည် ၊

 

မြှားတို့၏ တည့်မတ်ခြင်းသည်

ပစ်မှတ်၏ သင်ကြားမှုတစ်ခုဖြစ်သကဲ့သို့

ခင်ဗျားရဲ့လွတ်လပ်ပေါ့ပါးမှုသည်

ကျနော်၏ ပျော်ရွှင်မှုအတွက်သာဖြစ်ပါသည် ဟု

မျက်စိစုံမှိတ်၍ ယုံကြည်လိုက်ရသောအခါ . . .

ကျနော့်ရဲ့သွေးစတစ်ချို့စီးဆင်းရာလမ်းအဆုံးသည်

ခင်ဗျားရဲ့ခြေဖ၀ါးအောက်သို့ ဖြစ်နေပါမူ

. . . . . . . . . . ကျေးဇူးပြု၍ လျစ်လျူရှုပါရန်  . . . . . . . . . .

In: ကဗျာ Posted By: Date: Jun 19, 2011
Comment #1

ရန်သူကိုလက်ဆွဲနှုတ်ဆက်ဖို့အထိ

ကျနော့်လက်နှင့် စိတ်ရောကိုယ်ပါ မယဉ်ကျေးနိုင်ကြောင်းကို

စိတ်လိုလက်ရပြောပြဖို့ ကျနော့်စိတ်ဓါတ်တို့လျော့ရဲလွင့်ပါးနေပါသည်
…………။။။။။။။။။။…………….
အဲအပိုဒ်အကြိုက်ဆုံးပဲ……စိတ်ရောကိုယ်ပါမယျဉ်ကျေးနိုင်ဘူး….ဆိုတဲ့စကားလုံးသုံးထားတာမိုက်တယ်
ဘဘ ……

commentinfo By: khant naung at Jun 19, 2011
Comment #2

ကြေးစားဆန်သွားတဲ့ရင်ခွင် . . . သူ့အဓိပ္ပါယ်နဲ့သူ ရှိပါစေ ၊

commentinfo By: moe at Jun 19, 2011
Comment #3

ခင်ဗျားရဲ့လွတ်လပ်ပေါ့ပါးမှုသည်

ကျနော်၏ ပျော်ရွှင်မှုအတွက်သာဖြစ်ပါသည် ဟု

မျက်စိစုံမှိတ်၍ ယုံကြည်လိုက်ရသောအခါ . . .

ကျနော့်ရဲ့သွေးစတစ်ချို့စီးဆင်းရာလမ်းအဆုံးသည်

ခင်ဗျားရဲ့ခြေဖ၀ါးအောက်သို့ ဖြစ်နေပါမူ

. . . . . . . . . . ကျေးဇူးပြု၍ လျစ်လျူရှုပါရန် . . . . . . . . . .

commentinfo By: အသဲကွဲမိုး at Jun 20, 2011
Comment #4

မြှားတို့၏ တည့်မတ်ခြင်းသည်

ပစ်မှတ်၏ သင်ကြားမှုတစ်ခုဖြစ်သကဲ့သို့

commentinfo By: MyoZin at Jul 6, 2011
Comment #5

အားလုံးပဲ ကျေးဇူးပါ..

commentinfo By: ဘာဘာ at Jul 8, 2011
Comment #6

အရေးအသားကို အရမ်းသဘောကျသဗျာ

commentinfo By: နိုးဆက် at Apr 19, 2013
Comment #7

Like ! Super LIke ! 🙂

commentinfo By: loafer at Apr 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment