Professional Authors

ဒီနေရာလေးမှာ

အတူတူရည်စူးဖူးတဲ့ စိတ်ကူးအတွက်
နားလည်မှုတွေ အထူးပြုယူရင်း
ဒီနေရာလေးမှာ
ချစ်ခြင်းသက်သက်တွေနဲ့ ငါ….ရပ်တည်နေတယ်….။

နင် အရာရာ အဆင်ပြေပါစေ ဆုတောင်း
ငါ့ကို သတိရစေဖို့ ကတိတောင်းရင်း
ဒီနေရာလေးမှာ…..
နင့်အပြုံးတွေသာ
ငါ့အတွက် ရှင်သန်ရာပါ…..။

ရေခြား မြေခြားမှာ
တကွဲတပြားစီ နေထိုင်
ငါဖွဲ့နွဲ့သော သတိရခြင်း သင်္ကေတ
ငါ့ကဗျာတွေက
နင့်နှလုံးသားကို အနည်းငယ် လှုပ်ခတ်စေမယ်ဆိုရင်
ဒီနေရာလေးမှာ ငါ…
ရှင်သန်ရခြင်းတွေလည်း အနှစ်သာရ ပြည့်ဝလွန်းပါတယ်….။

သေချာပါတယ်
ငါ့ရင်ဘက်နဲ့ လှမ်းပုံဖော်ယူနေကျ
နင့်မျက်ဝန်းတွေက
 နေ့စဉ်….ငါ့အလင်းရောင်တွေဆီ လမ်းပြနေရင်း
ဒီနေရာလေးမှာ
ခုတလော အထီးကျန်ခြင်းတွေ
ငါနဲ့ ကင်းကွာနေတယ်…။

ငါတို့ အရမ်းချစ်ကြရမယ့်နေ့တွေအတွက်
နီးသထက်နီးခွင့် ပေးလာမယ့်
အချိန် ယန္တရားကြီးထဲ
ငါ့ မနက်တွေ ညတွေ ကုန်ဆုံးစေရင်း
ဒီနေရာလေးမှာ
ငါ …..
နင့်ရင်ခုန်သံတွေကိုလည်း ယုံကြည်လို့ထားတယ်…။

ဒီနေရာလေးမှာပဲ
ငါ့ဦးနှောက်ထဲကရော
ငါ့ မျက်စိတမှိတ်တွေတိုင်းမှာရော
ငါ့ အသက်ရှုသံတွေ ဖြစ်ပေါ်လာတဲ့ အခါတိုင်းမှာပါ
နင်က အမြဲတမ်းရှိနေတယ်…..။

ဒီနေရာလေးမှာ
ရောက်လာမယ့်နှစ်ပတ်လည်တစ်ခုအတွက်
ခုံခုံမင်မင် စောင့်စိုင်းနေတယ်….
နင်ရဲ့ သစ္စာတရားတွေကို…..ခုံမင်စွာဖြင့်ပေါ့…။   

ငါ့ရဲ့ ဖြစ်တည်မှုသက်သက်တွေနဲ့
နင့်ရဲ့ စိတ်အစဉ်တွေ ထည့်သွင်းလို့လည်း ထားတယ်
ဒီနေရာလေးမှာ
ငါ…ဟိုးတုန်းကထက်…..နင့်ကို ပိုချစ်လို့နေတယ်…။      ။

18.6.2011(1000 days)

In: ကဗျာ Posted By: Date: Jun 18, 2011
Comment #1

ရေခြား မြေခြားမှာ
တကွဲတပြားစီ နေထိုင်
ငါဖွဲ့နွဲ့သော သတိရခြင်း သင်္ကေတ
ငါ့ကဗျာတွေက
နင့်နှလုံးသားကို အနည်းငယ် လှုပ်ခတ်စေမယ်ဆိုရင်
ဒီနေရာလေးမှာ ငါ…
ရှင်သန်ရခြင်းတွေလည်း အနှစ်သာရ ပြည့်ဝလွန်းပါတယ်….။
ငါ…ဟိုးတုန်းကထက်…..နင့်ကို ပိုချစ်လို့နေတယ်…။ ။
ငါ…ဟိုးတုန်းကထက်…..နင့်ကို ပိုချစ်လို့နေတယ်…။ ။
ငါ…ဟိုးတုန်းကထက်…..နင့်ကို ပိုချစ်လို့နေတယ်…။ ။………………………………..
ဘာမှမပြောခဲ့တော့ဘူး…….ကေ………..

commentinfo By: အသဲကွဲမိုး at Jun 18, 2011
Comment #2

ကောင်းမိုက် မိုက်ပါသှ်..အားပေးသွားပါ၏ =)

commentinfo By: ဖိုးနမ်း at Jun 19, 2011
Comment #3

ဒီနေရာလေးမှာပဲ
ငါ့ဦးနှောက်ထဲကရော
ငါ့ မျက်စိတမှိတ်တွေတိုင်းမှာရော
ငါ့ အသက်ရှုသံတွေ ဖြစ်ပေါ်လာတဲ့ အခါတိုင်းမှာပါ
နင်က အမြဲတမ်းရှိနေတယ်…..။
……………………..အလွန်ကောင်းပါ၏…………………
.ကဗျာလေးတွေကောင်းပါတယ်….။ ။

commentinfo By: မင်းမြတ် at Jun 19, 2011
Comment #4

18.6.2011(1000 days)
yat paung 1000 hti myal tal ko to chit chin ko
gone u lhyat par
kyay zuu lal tin tal
🙂

commentinfo By: aung kaungthant at Jun 20, 2011
Comment #5

kyay zuu tin tal so yin
annar ka htut ma twar kyay lay…..
nout yet poung 2000 ,3000,4000 hti le’ di lo
kyay zuu tin pay pop
………

commentinfo By: ကေသရီ at Jun 20, 2011
Comment #6

မကေ….အရမ်းကောင်းးပါတယ်
ငါ့ရဲ့ ဖြစ်တည်မှုသက်သက်တွေနဲ့
နင့်ရဲ့ စိတ်အစဉ်တွေ ထည့်သွင်းလို့လည်း ထားတယ်
ဒီနေရာလေးမှာ
ငါ…ဟိုးတုန်းကထက်…..နင့်ကို ပိုချစ်လို့နေတယ်…။ ။

commentinfo By: poem.poem28 at Jun 20, 2011
Comment #7

ငါ့ရဲ့ ဖြစ်တည်မှုသက်သက်တွေနဲ့
နင့်ရဲ့ စိတ်အစဉ်တွေ ထည့်သွင်းလို့လည်း ထားတယ်
ဒီနေရာလေးမှာ
ငါ…ဟိုးတုန်းကထက်…..နင့်ကို ပိုချစ်လို့နေတယ်…။ ။

Comment #8

Wow!!!!!
So touching…/ /

commentinfo By: Teardrop at Jun 20, 2011
Comment #9

hote kal par khin byar 🙂

commentinfo By: aung kaungthant at Jun 20, 2011
Comment #10

ရေခြား မြေခြားမှာ
တကွဲတပြားစီ နေထိုင်
ငါဖွဲ့နွဲ့သော သတိရခြင်း သင်္ကေတ
ငါ့ကဗျာတွေက
နင့်နှလုံးသားကို အနည်းငယ် လှုပ်ခတ်စေမယ်ဆိုရင်
ဒီနေရာလေးမှာ ငါ…
ရှင်သန်ရခြင်းတွေလည်း အနှစ်သာရ ပြည့်ဝလွန်းပါတယ်….။

သေချာပါတယ်
ငါ့ရင်ဘက်နဲ့ လှမ်းပုံဖော်ယူနေကျ
နင့်မျက်ဝန်းတွေက
နေ့စဉ်….ငါ့အလင်းရောင်တွေဆီ လမ်းပြနေရင်း
ဒီနေရာလေးမှာ
ခုတလော အထီးကျန်ခြင်းတွေ
ငါနဲ့ ကင်းကွာနေတယ်…။

ငါတို့ အရမ်းချစ်ကြရမယ့်နေ့တွေအတွက်
နီးသထက်နီးခွင့် ပေးလာမယ့်
အချိန် ယန္တရားကြီးထဲ
ငါ့ မနက်တွေ ညတွေ ကုန်ဆုံးစေရင်း
ဒီနေရာလေးမှာ
ငါ …..
နင့်ရင်ခုန်သံတွေကိုလည်း ယုံကြည်လို့ထားတယ်…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #11

မကေ……တူတယ်ဗျာ…ခံစားချက်ခြင်း
အားပေးပါတယ်…

commentinfo By: minratha at Jul 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment