Professional Authors

ဒီနေရာလေးမှာ….

ဒီနေရာမှာ ကမ္ဘာကျော်ကြီးဖြစ်နေစရာမလို သိမ်ငယ်နေစရာမလို
တစ်စုံတစ်ယောက်ရဲ့အားပေးမှုနဲ့ တစ်စုံတစ်ယောက်က ကွေးနေအောင်က
ကျွန်တော်တို့အားလုံး မမောနိုင်မပန်းနိုင်
ပီတိစားသူတွေပါပဲ
အိပ်မက်လား တစ်ကယ့်အဖြစ်အပျက်လား
အိတ်ပေါက်ထဲ ကောက်ကောက်ထည့်မိသလို
ပျော်ရွှင်မှုမှာ သောက်လေ သောက်လေ ငတ်မပြေ
တစ်ရက်ပြီးတစ်ရက် တစ်ပတ်ပြီးတစ်ပတ်
ကဗျာလေးတွေ ပြေးပြေးတင်
commentလေးတွေစောင့်စောင့်ဖတ်
အမှတ်ပေးသမျှ ရင်ဘတ်ထဲ ဆွဲဆွဲသွင်း
သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း
အခု ပြောဖို့ လိုသလား ၊ မလိုဘူးလား။

 

In: ကဗျာ Posted By: Date: Aug 13, 2010
Comment #1

ဒီကဗျာလေးကို ယွန်းသဘောကျလို့ပါ….

commentinfo By: Angel YOON at Aug 14, 2010
Comment #2

ကဗျာလေးက ချစ်စရာလေးးးးးးးးးး
(: (: (:

commentinfo By: ဖြိုးဖြိုး at Aug 15, 2010
Comment #3

ကျေးဇူးတင်မိတယ်ဗျာ………

commentinfo By: anatyong at Aug 26, 2010
Comment #4

မိုက်တယ်ဗျာ

commentinfo By: အသဲကွဲမိုး at Sep 7, 2011
Comment #5

goodတယ်ဗျာ…….
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment