Professional Authors

(ကဗျာ)

ကဗျာတပုဒ်ရေးမယ်
ဒါဟာကဗျာပါလို့ ပြောဖို့အတွက်
ပထမဆုံးအနေနဲ့
ကဗျာလို့ ခေါင်းစဉ်တပ်တယ်
သဘောတူရင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်
ဒါဟာကဗျာပါ
အကြောင်းအရာအနေနဲ့
စိတ်ထဲရှိတာတွေကို ခံစားရသလိုရေးတယ်
မိုးရွာရင် မိုးရွာသလို
နေသာရင် နေသာသလို
ရာသီစာ လတ်လတ်ဆတ်ဆတ်တွေဖြစ်တယ်
ပုံသဏ္ဍာန်အနေနဲ့
ကြိုက်သလိုသတ်မှတ်နိုင်ပါတယ်
ငြင်းချက်ထုတ်ရန် စိတ်မဝင်စားပါ
စိတ်ဆာတဲ့အတွက်
ဟော့ဒီကဗျာဆိုတာကို ရေးပါတယ်
လက်ခံတယ်၊မခံဘူးဆိုတာကတော့
လူတကိုယ် အကြိုက်တမျိုးပါ
ပြောချင်တာကတော့
ဗိုလ်၊ကျား၊သေနတ် ကိုယ်ကြိုက်တာကိုယ်လုပ်
ကိုယ်ဖြစ်ရင်တော့ ကိုယ်ခံဖို့ပါပဲ
ကဲကဲ…ကဲ
ဒီကဗျာကို ဒီတင်အဆုံးသတ်ပါတယ်
အလှည့်ကျရင် နာမည်ခေါ်လိုက်ပါ။   ။

In: ကဗျာ Posted By: Date: Jun 18, 2011
Comment #1

အားပေးပါ၏…။

Leave Comments

Name*

Email*
Website
Email me whenever there is new comment