Professional Authors

ဒဏ်ရာများ

“နှုတ်တစ်ရာစာတစ်လုံး” ဆိုပေမဲ့ 
ငါ့အတွက်တော့ “စာတစ်ရာနှုတ်တစ်လုံး” ကပိုမှန်လိမ့်မယ်
မဖြစ်နိုင်ဘူးပဲ…သူမအိနြေ္ဒအတွက်…။
ငါ့အဖြစ်ကသွားမပါတဲ့ ကလေးလေးကို
အသားမာမာလေးကျွေးမိသလိုပါပဲ
ခါးသီးစွာငြင်းဆန်နိုင်လွန်းတယ်…။

ငါနဲ့မထိုက်တဲ့ ပန်းကို
ဂုဏ်ယူစွာနမ်းရှိုက်ချင်တော့လည်း
ကံကြမ္မာအရ…ဖန်လာသမျှကို…ခံနေရတော့မှာပဲ
ဖားလေးငါးလေးပျော်ပါစေဆိုပြီး
တံတွေးထွေးပေးခဲ့တဲ့နင့်ကို ၊ကျေးဇူးတင်ပါတယ်…။

ရင်မခုန်ဖူးလို့ 
ရင်ခုန်ကြည့်တာ
အခုတော့…ဝေဒနာတွေလူးလိမ့်လို့ …
ကြုံရာမရလို့  ၊အခုငါ
အဖြူထည်တွေ…ချ…ချနေရပြီ…
ဒဏ်ရာများနဲ့ ဘ၀မှာ
အပါယ်တံခါးများ ၊ဖွင့်မိလေမလား။

သူငယ်ချင်းတွေမေးကြတယ်
“အဲ့လောက်ခါးသီးနေတာဘာလို့ ဆက်ငုံထားသေးတာလဲတဲ့”
သူတို့ မသိလို့ ပါ…ကျွန်တော့်အတွက်တော့
ဒဏ်ရာတွေက ၊ချိုမြိန်နေလို့ လေ…။

မိုးရေတစ်စက် ၊လက်နဲ့ ခံလို့ ရပေမဲ့
များလာတော့လည်း ၊ရေပုံးသုံးရတာပဲ…
နင့်စကားတစ်ခွန်း ၊သည်းခံလို့ ရပေမဲ့ 
ကြာလာတော့လည်း ၊ဒေါသထွက်မိမှာပဲ
ဒါပေမဲ့လည်း ၊မတတ်နိုင်ဘူး
ငါမင်းကိုမယှဉ်နိုင်ခဲ့ ဘူး
အရှုံးပေးနေစမြဲပါ…
နင်မတောင်းပါဘူး
ငါကိုယ်တိုင် own goal ဖန်တီးခဲ့သူပါ…။

စောက်သုံးမကျတဲ့   အတွးတွေနဲ့ 
ငါကဗျာတွေရေးနေတယ်
ချစ်သောသူအတွက်…။

အောက်တန်းကျတဲ့   အတွေးတွေပဲ
အမြဲငါတွေးနေတယ်
ချစ်သောသူအတွက်…။

In: ကဗျာ Posted By: Date: Sep 11, 2012
Comment #1

what kind of love?
ekkkkkk
really afraid of,,
🙁
🙁
🙁

commentinfo By: ei lay at Sep 11, 2012
Comment #2

really love her but she never love me!
so what kind of my love?u think~~~:)

commentinfo By: loafer at Sep 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment