အဖြူရောင်လက်ဆောင်
စေ့စေ့တွေးတော့ ရေးရေးမကပေါ်
ဒီကဗျာမှာ ငါ့ခံစားချက်တွေ စိမ့်မ၀င်ခင်
တွေးနှင့်နေမိတဲ့ တယ်လီပသီအကြောင်းတွေ
ရုပ်လည်းမမြင် သံလည်းမကြား
စိတ်စေရာ သွားနေတဲ့
လက်ချောင်းလေးတွေ ပြောတဲ့ စကားသံတွေ
ဒီလိုဆက်သွယ်မှုမျိုးနဲ့
ငါတို့ရဲ့ ကြားခံနယ်မြေတွေမှာ
လေဟာနယ်ဆိုတာမရှိ
တဦးအပေါ်တဦးလေးစားချစ်ခင်လျှက်
အဖြူရောင်မှုသားတောင်မသုံး
ပကတိရိုးစင်းတဲ့အသွင်
ဒီအပြင်တူညီတဲ့ ခံစားချက်တွေနဲ့
တေးသွားတပိုဒ်ကို ပြိုင်တူရွက်မိလိုက်သလို
ခင်မင်မှုတွေ တစတစပေါက်ဖွားလာရင်းက
နှလုံးဘ၀င်မှာပျော်ရွင်
တမင်ငါရည်ရွယ်လို့ ငါလုပ်တဲ့
ဟောဒီကဗျာတပုဒ်
ပန်းတဆုပ်ကဲ့သို ဆင်မြန်းစေချင်
စိတ်အစဉ်မှာ ဖြူစင်
တကယ်တမ်းအရင်းခံ စေတနာနှင့်ပင်
အဖြူရောင် ကဗျာတပုဒ်
အဖြူရောင် ပန်းတဆုပ်
အဖြူရောင် လက်ဆောင်တချို့
နင့်အတွက် ငါဖန်းဆင်းလိုက်မိတယ်…….။(လမင်းပိုင်)
မှတ်ချက်။ ။ဒီကဗျာမှာ နင်နဲ့ငါလို့ ကဗျာအဖြစ်ရေးထားတာပါ။တကယ်ဆိုကျတော်ပေးတဲ့ချင်တဲ့ အဖြူရောင်လက်ဆောင်ရဲ့ပိုင်ရှင်ဟာ ကျတော်ထက် အသက်ကြီးပါတယ်။ အဲအတွက်နားလည်ပေးပါ။ကျတော့်ရဲ့လက်ဆောင်ကိုလက်ခံပေးပါ၊
Comment #4
ဟုတ်တယ်ဗျ။ကဗျာဖတ်တာ..စိတ်ချမ်းသာမှုရတယ်။
ကောင်းတယ်ဗျ။အားပေးသွားပါတယ်။
By: poem.poem28 at Oct 3, 2011
Comment #6
စိတ်ချမ်းသာစရာကဗျာလေးပဲဗျာ….အားပေးသွားပါတယ်
By: အသဲကွဲမိုး at Oct 5, 2011
Comment #7
so cool.
so perfect.
ma a twat a phyu yaung lat saung pop.
By: ei lay at Nov 16, 2011




Comment #1
ဖတ်ရတာစိတ်အရမ်းချမ်းသာလိုက်တာ……………..
ကျေးကျေးပေါ့……