Professional Authors

ကဗျာစတန့်မင်းသား ငှားမလား

တစ်ကယ့် အံ့ဘွယ်ဘနန်းပဲ
အစ်ကိုကြီးကဗျာတွေတည်ဆောက်ထားပုံ ပြောပါတယ်

တစ်ခါတစ်ခါ
ရွေ့ ရွေ့ သွားတဲ့ ခါတော်မီဗေဒတွေကြား
ကိုယ်ဖော့ရပ်နေလိုက်ပုံများ
အသက်ရှူမှားလောက်ရဲ့

ခေါက်ရိုးကျိုးတနင်္လာတွေ မြင်တိုင်း
သောက်ကျိုးနဲတာပဲ ဆဲတတ်တဲ့အစ်ကိုကြီး
တစ်နည်းအားဖြင့်
သမ္ဘာရင့် ၀ါရင့်တွေကြား
လက်ခနဲ နောက်ကျွမ်းထိုးပြသွားသူကြီး
မတွေ့တာကြာပြီမို့
နေသာပါရဲ့လား။

In: ကဗျာ Posted By: Date: Jun 10, 2011
Comment #1

ကိုတာကော
အားပေးနေပါတယ်

commentinfo By: poem.poem28 at Jun 10, 2011
Comment #2

တစ်ခါတစ်ခါ
ရွေ့ ရွေ့ သွားတဲ့ ခါတော်မီဗေဒတွေကြား
ကိုယ်ဖော့ရပ်နေလိုက်ပုံများ
အသက်ရှူမှားလောက်ရဲ့

commentinfo By: အသဲကွဲမိုး at Jun 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment