Professional Authors

ဝဋ်

ငါလေချစ်၍
ဖြစ်မိသောဝန်
ငါ့အလွန်တည်း။

မှားသူဖြစ်၏
နစ်မိသောဝန်
ကိုယ့်အကျွံ၌………

ရှိုက်သံတိုးတိုး
ကိုယ်လန်.နိုးစဉ်
အဆိုးဖြစ်ခဲ့
အပြစ်မဲ့ပန်း ကြွေပြီကိုး။

မနမ်းပဲခြွေ
နွမ်းကြေခြောက်လို.
ပန်းကြွေကောက်သူ မှားချေပြီလား။

အလွမ်းလဲမပြေ
လမ်းတွေပျောက်လို.
စမ်းရေနှောက်သူ သွားလေပြီတကား။

ငါ့ကိုခွင့်လွှတ်
ရင်ခွင်ညွှတ်အောင်
လွမ်းဆွတ်ရသူ ဖြစ်ပါ၏။

မှားသူဖြစ်၏
ချစ်မိသောဝန်
ငါ့အလွန်သာ ရှိပါစေ။      ။

(၁၀.၁၁.၁၉၉၇ အဲဒီတုန်းကစိတ်ကူးယဉ်တာ။အခုတိုက်ဆိုင်နေတယ်)

In: ကဗျာ Posted By: Date: Sep 9, 2010
Comment #1

အင်းးးးးးးးးးး………..
ဘာ ဘာ ဘာမှမပြောတတ်ပါ…
သက်ပြင်းတာ ချမိပါ၏..း))

commentinfo By: မှုံရွှေရည် at Sep 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment