Professional Authors

ထိုင်ခုံ ၁၀၀ ရှိပါသည် (ပိုင်စိုးဝေ)

တခါးပေါက်က
ခါးထောက်ပြီး ၀င်သွားသူ
လူဦးရေ ငါးယောက် ။
တခါးပေါက်က
ဓားထောက်ပြီး ၀င်သွားသူ
လူဦးရေ ငါးယောက် ။
ငိုပြ ရယ်ပြ
နားလည်မှု ရပြီး
တခါးပေါက်က ၀င်သွားသူ
လူဦးရေ လေးဆယ် ။
အခြားတစ်ယောက်
တခါးပေါက်မှာ
ခါးထောက်ပြီး မ၀င်နိုင်
ဓားထောက်ပြီး မ၀င်ရဲ
ငိုပြ ရယ်ပြဖို့
သူ့ အတ္တက လက်မခံ
ပုံမှန်အတိုင်း ကြိုးစား
လူပြည့်သွားပါပြီ ခင်ဗျာ … တဲ့ ။
ထိုလူ တွေဝေ အံ့သြ
တစ်စုံတစ်ရာ ပြောတော့
“နောက်ဖေးမှာ တခါးတစ်ပေါက်ရှိတာ
ခင်ဗျား တစ်ယာက် မသိတာ
ညံ့လိုက်လေခြင်း” … တဲ့
ထိုသူ တစ်ယောက်
အဟောက် ခံရ၏ …   …။

ပိုင်စိုးဝေ
မြတ်လေး မဂ္ဂဇင်း
အောက်တိုဘာလ၊၁၉၈၇-ခုနှစ် ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment