Professional Authors

အို………..တဏှာ

သင်းပျံ့မွှေးကြိုင်ထုံအီနေသော
ရာထောင်ချီပန်းပေါင်းစုံကိုရှုရှိက်နေရပါလျှက်
ငါ၏
 ဖောဋ္ဌဖ အာရုံတို့သည်
ချစ်သူ၏
ကိုယ်သင်းရနံတို့တွင် တည်၏…

သာယာငြိမ့်ညောင်းနာပျော်ဖွယ်ရှိသော
ပဉ္စသိင်္ခ၏ နတ်စောင်းသံကို နားဆင်နေရပါလျှက်
ငါ၏
သောတအာရုံတို့သည်
ချစ်သူ၏
ညင်သာသော ရှိုက်သံတို့တွင် တည်၏….

သိမ်မွှေ့ညက်သောလှသော
ပိုးဖဲကတ္တီပါ တို့အားထိတွေနေရပါလျှက်
ငါ၏
အတွေ့အာရုံတို့ သည်
ချစ်သူ၏ နူးညံ့ လှသော ပါးပြင်လေး ပေါ်တွင် တည်၏…..

                                     မဟာမျိုး
                           (ရင်ထဲမှ စိမ့်ထွက်သည်)

In: ကဗျာ Posted By: Date: Jun 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment