Professional Authors

အချစ်ကိုကိုးကွယ်တယ်ဆိုတာ


 ငါထင်တယ်….
အချစ်ဆိုတာ မာနတွေကိုရိုက်ချိုးတတ်တဲ့
နူးညံ့သိမ်မွှေ့တဲ့ အရာတစ်ခု
  
ငါထင်တယ်…..
အချစ်ဆိုတာ လူတွေရှေ့မှာခေါင်းငုံ့စေတတ်တဲ့
ရဲရင့်တဲ့အရာတစ်ခု
 
ငါထင်တယ်….
အချစ်ဆိုတာ မျက်စိမှိတ်ထားမှမြင်ရတဲ့
အမှန်တရားတစ်ခု
 
အချစ်တစ်ခုကို ပိုင်ဆိုင်တဲ့အခါ…..
ငါ နူးညံ့သိမ်မွှေ့စွာ မာနတွေကိုရိုက်ချိုးတယ်
ငါ လူတွေရှေ့မှာခေါင်းငုံ့ထားဖို့ ရဲရင့်တယ်
ငါအမှန်တရားတစ်ခုအတွက် မျက်စိမှိတ်ထားတယ်
 
ချစ်ခြင်းရဲ့အကျိုးအပြစ်တွေကို
တာဝန်တစ်ခုလို ငါခံယူပေမဲ့
ချစ်သူ….
မင်းကို ချစ်တဲ့ငါချစ်ခြင်း
မင်းကို ပေးတဲ့ကြင်နာခြင်း
မင်းရခဲ့တဲ့ နားလည်မှုတွေက
ဘယ်တုန်းကမှ တာဝန်အရ မဟုတ်ခဲ့ဘူး
မင်းအပေါ်မှာထားတဲ့ငါရဲ့ ကိုးကွယ်မှုသက်သက်ပါ။
In: ကဗျာ Posted By: Date: May 10, 2012
Comment #1

harrrrrrrrrrr
he,,he,, 😛 😛
pyaw like tar.. :O
kwat ti be,,, 🙂
million million thz,,lin
plz let me copy,

commentinfo By: ei lay at May 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment