Professional Authors

ဘယ်တော့မှ ထပ်မချစ်တော့ဘူး ဆို

အမွှာမွှာ အခါခါ ကွဲဖူးတဲ့ အသည်း
နှလုံးသားဒဏ်ရာ ဒို့မခံနိုင်တော့လို့
တသက်လုံးပဲ ထပ်မချစ်တော့ဘူး။

တနေ့ရွေ့ တလပြောင်း
အသဲအသန် အဖန်ဖန် ကွဲခဲ့တဲ့ အသည်းဟောင်းကို
ဆေးကုနေတုန်း…

လှစ်ကနဲ တွေ့ခဲ့ရတဲ့ အပြုံးသစ်လေး
ဟိုတနေ့ကလိုများ ဒီကနေ့ ထပ်တွေ့လေအုံးမလား
တိတ်တခိုးလေး မျှော်မိနေဆဲ…

ကွဲနေတဲ့ နှလုံးသား အသည်းကြားက
ဆစ်ကနဲ ပြန်နာလာလို့
ထိတ်လန့်တကြား ကြည့်လိုက်မိတော့…
ဖူးပွင့်သစ်စ ချစ်ပန်းလေး တငုံ။

နှုတ်ပစ်လိုက်ရမှာလား၊ ရေလောင်းပေးလိုက်ရမှာလား။ ။

In: ကဗျာ Posted By: Date: Feb 13, 2012
Comment #1

ပေါင်းသင်ပေးလိုက် 🙂
ကဗျာလေး တယ်ကောင်းသဗျ ဖတ်သွားတယ် ။

commentinfo By: X - ray at Feb 13, 2012
Comment #2

a chit,,a chit,,
bar tway pe loak loak chit ko chit nay de,,a chit ye,,
he,,he,,

commentinfo By: ei lay at Feb 13, 2012
Comment #3

ပင်ပျိုထပ်ပျိုးလိုက်ပါ….အားပေးတယ်…

commentinfo By: May Kha at Feb 14, 2012
Comment #4

ကဗျာက..ချစ်စ၇ာလေးပါပဲ.ဗျာ
ခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment