Professional Authors

အချစ်နှင့် ငါ၏သတ္တိများကောက်ကြောင်း(၁)မင်းလူန

ချစ်သူ
မင်းမုန်းလို့ 
အပြုံးတွေပျောက်ခဲ့ တယ်
ဒါပေမဲ့ တစ်ယောက်ထဲ
လျှောက်ရဲအောင်
သတ္တိကောင်းပြီးသားသူမို့ 
လွမ်းရင်တောင်
မင်းမမြင်စေရတော့ ဘူး
ငါ့ မနက်ဖြန်တွေ
မမျော်လင့် ရဲ့ တော့ အောင်
မျော်လင့် ချက်မဲ့ နေပါစေ
မင်းရှိရင်ပြည့် စုံတယ်ထင်သူကိုမှ
ထားသွားလဲထားပေါ့ 
မင်းဆီကဥပေက္ခာကိုမမေ့ တက်အောင်
နောက်တစ်ကြိမ်ရှင်သန်မဲ့ 
ငါ့ နှလုံးသားကိုမာကျောအောင်
ဘုရားရှင်ဆီဆုတောင်းမယ်
မငြိုးပါဘူးချစ်သူ
မရိုးတဲ့ အချစ်ကိုမမေ့ ရအောင်တော့ 
မင်းအတွက်
တနည်းနည်းနဲ့ မှတ်ကျောက်တင်ခွင့် ရချင်ရုံပါ
ပုံမလာတော့ တဲ့ငါ့ ရုပ်
မင်းအတွက်ရှုပ်ကောင်းရှုပ်မယ်
အဟုတ်တကယ်ချစ်ခဲ့ သူအတွက်
အပြစ်မဲ့ သူပါလို့ 
မတောင်းခံဘူး။
မင်းလာရင်လာလို့ ရအောင်လမ်းတော့ အမြဲခင်း
တံခါးမကြီးတွေတောင်သော့ ပျောက်ပြီးသားပါ
နှစ်ထောင်အားရအောင်
တခါငိုပြီးတိုင်းလဲ
ငါ့ မျက်ရည်တွေခမ်းခြောက်မသွားသေးတာ
ငါပြောရဲပါတယ်
မင်းကိုမမေ့ သေးလို့ ပါ
ငါ့ အလွမ်းနဲ့ ငါ
လုံးထွေးသက်ပုတ်ဖို့ 
ဘာသာတရားရဲ့ ဆိုဆုံးမျွှု့ တွေတောင်
မေ့ သွားဖူးတယ်

မင်းလူန

In: ကဗျာ Posted By: Date: Aug 10, 2010
Comment #1

ကဗျာအားလုံးနီပါးဖတ်ကြည့်တော့..ခံစားချက်တွေများကြီးတွေ.ရတလိုဘဲနော်..:)

commentinfo By: Shwe Ngar at Aug 25, 2010
Comment #2

နှစ်ထောင်အားရအောင်
တခါငိုပြီးတိုင်းလဲ
ငါ့ မျက်ရည်တွေခမ်းခြောက်မသွားသေးတာ
ငါပြောရဲပါတယ်
မင်းကိုမမေ့ သေးလို့ ပါ
ငါ့ အလွမ်းနဲ့ ငါ
လုံးထွေးသက်ပုတ်ဖို့ 
ဘာသာတရားရဲ့ ဆိုဆုံးမျွှု့ တွေတောင်
မေ့ သွားဖူးတယ်
………………
တိုက်ဆိုင်တယ်….အဲဒါကြောင့်…ကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Dec 29, 2010
Comment #3

ငါ့ အလွမ်းနဲ့ ငါ
လုံးထွေးသက်ပုတ်ဖို့ 
ဘာသာတရားရဲ့ ဆိုဆုံးမမှုတွေတောင်
မေ့ သွားဖူးတယ်

ကြိုက် ပါ ၏ ။

commentinfo By: sharon myorr myor at Aug 7, 2012
Comment #4

mike de
mike de
mike de.
a pyin pann ka a yae hma ma g tar,
a twin sate ka tar a yae g sone par,

commentinfo By: ei lay at Aug 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment