Professional Authors

ဘ၀တစ်ခုခု

တစ်ခုခုကို ဆုပ်ကိုင်ထားလိုက်ဖို့
အရာအားလုံးကို လွှတ်ချမိတာ မတော်တဆ
အဆိပ်တစ်ခွက်လို ကိုယ့်ကိုယ်ကို ပြန်မြိုချပေမယ့်
ပုထုဇဉ်စရိုက်က ဘယ်တော့မှ အစာမကြေဘူး
အဓိပ္ပာယ်မရှိ အဓိပ္ပာယ်ရှာရယ်တတ်တဲ့
ဆယ်ကျော်သက်မဟုတ်လည်း
ကြွေကျနေတဲ့သစ်ရွက်ကို ငေးကြည့်ပြီး
ကိုယ့်ကိုယ်ကို ပြန်သစ်ယူထားရတယ်
ဒီအသက်ဒီအရွယ်ထိ
အချစ်သံကြားရင် လတ်ဆတ်ချင်တုန်းပဲ
တစ်နေ့နေ့တော့ ငါလည်း တောက်ပလာမှာပါ
ပါးစပ်ဟထားတဲ့ဆာလောင်ခြင်းထဲ
ဘယ်နှဘ၀စာအာသာမပြေမှုတွေ
ထိုးစိုက်ပျံဆင်းလာမလဲ
အိမ်ပြန်မလာနိုင်လွန်းတဲ့ခင်ပွန်းသည်အပေါ်
သည်းခံမစောင့်နိုင်တော့လို့
လင်ငယ်နေမိတဲ့မိန်းမတစ်ယောက်လို
ကြုံသလို ဖြစ်သလို အပျော်ရှာပစ်မိတယ်

                                        ကိုသျှား

In: ကဗျာ Posted By: Date: Jan 2, 2012
Comment #1

အဓိပ္ပာယ်မရှိ အဓိပ္ပာယ်ရှာရယ်တတ်တဲ့
ဆယ်ကျော်သက်မဟုတ်လည်း
ကြွေကျနေတဲ့သစ်ရွက်ကို ငေးကြည့်ပြီး
ကိုယ့်ကိုယ်ကို ပြန်သစ်ယူထားရတယ်
ဒီအသက်ဒီအရွယ်ထိ
အချစ်သံကြားရင် လတ်ဆတ်ချင်တုန်းပဲ

commentinfo By: သက်ထားငြိမ် at Jan 3, 2012
Comment #2

တစ်ခုခုကို ဆုပ်ကိုင်ထားလိုက်ဖို့
အရာအားလုံးကို လွှတ်ချမိတာ မတော်တဆ
အဆိပ်တစ်ခွက်လို ကိုယ့်ကိုယ်ကို ပြန်မြိုချပေမယ့်
ပုထုဇဉ်စရိုက်က ဘယ်တော့မှ အစာမကြေဘူး
စာလုံးသုံးထားတာ….ကောင်းတယ်ဗျ။

commentinfo By: poem.poem28 at Jan 3, 2012
Comment #3

စကားလုံး အသုံးအနှုန်းတွေက ထိမိတယ်ဗျာ…………….

commentinfo By: sitayenyein at Jan 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment