Professional Authors

မဟူရာလမ်းခွဲ

နှုတ်မဆက်ချင်ပါဖူး ကောင်မလေး
ဒါပေမယ့် ငါ့ရင်ဘတ်ကိုငါ့ချစ်ခြင်းအတွက်သဂျိုလ်ရက်ခဲ့ပါတယ်
ဘာမှမရှိတဲ့ငါ့ဘ၀စုတ်မှာ မင်းဖို.အရုပ်တရုပ်ခဏဖြစ်ခွင့်ရလို.ကျေနပ်မိပါတယ်
ဘာမှမကောင်းတဲ့ငါ့စာမျက်နှာဟောင်းမှာ ချည်နှောင်ခြင်းခြင်းကင်းတဲ့
သံယောဇဉ်ကြိုးတချောင်းတော့ရှိခဲ့ပါတယ်
ဘာမှမဖြစ်တဲ့ငါ့ဘ၀ညစ်တစ်တစ်မှာ မင်းကိုချစ်တဲ့အချစ်စစ်တခုတော့ရှိခဲ့ပါတယ်ကောင်မလေး
ငါဆိုတဲ့ကောင်ကမျှော်လင့်ချက် ဆိုတာမုန်းခဲ့ပေမယ့်
မျှော်လင့်ခြင်းတွေနဲ.ပဲ နေ၀င်တော့မယ်ထင်ပါရဲ.
နေ၀င်ချိန်ရေတွက် နေမထွက်တဲ့ငါ့မနက်မှာ
ထွက်သက်ဝင်သက်ကတော့ အသက်ရှုတိုင်းမင်းပါပဲကောင်မလေး
ခွဲခွာခြင်းဆိုတာ နေတစင်းလိုပူလောင်ပေမယ့်
မင်းဆန္ဒအတွက် ငါမျိုချရဲခဲ့ပါတယ်ကောင်မလေး
ခွဲခွာခြင်းကိုအကြောင်းပြု တောင်းဆုတခုဘ၀နဲ.ရင်းပြီးတိုင်တယ်ခဲ့ပါတယ်
ချစ်သူဘ၀ နိုးထတဲ့မနက်ခင်းတိုင်း နေထွက်နေပါစေ

In: ကဗျာ Posted By: Date: May 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment