Professional Authors

မျှော်လင့်ခြင်းမဲ့ရှင်သန်မှု

ဘာမှမဟုတ်တဲ့ကိစ္စတွေအတွက်
လူမသိသူမသိ မျှော်လင့်ခဲ့ဖူးတယ်
ဘာမှမဟုတ်လို့လားမသိဘူး
ဘယ်တုံးကမှလဲမရခဲ့ဘူး…..
ဘ၀မှာ ကြီးကြီးမားမားရယ်လို့
ဘာကိုမှ မမျှော်လင့်ရဲလို့
ရည်ရွယ်ချက်မရှိတဲ့သူလို့ပဲ
ရှုံ့ချလိုက်ကြစမ်းပါကွယ်……
လူတစ်ချို့က ပြောတယ်
မျှော်လင့်ချက်နဲ့အသက်ရှင်တယ်တဲ့
ဟုတ်လား…..
ငါ့ကိုတော့ အဲဒီ့မျှော်လင့်ခြင်းတွေက
သတ်သွားလိုက်ကြတာလေ
ရင်ဘတ်ကြီးတစ်ခုလုံး မွစာတွေကိုကြဲလို့……
မမျှော်လင့်ရဲဘူး
မမျှော်လင့်ချင်ဘူးလို့
လူကြားကောင်းအောင် ဘယ်လောက်အော်နေလဲ
အမှတ်မရှိစွာပဲ
တိတ်တိတ်ကလေး မျှော်လင့်မိတတ်တဲ့ရလဒ်က
နောက်ဆုံးတော့လဲ ဆုံးရှုံးခြင်းတွေပဲပေါ့…….

In: ကဗျာ Posted By: Date: Apr 11, 2011
Comment #1

တိတ်တိတ်ကလေး မျှော်လင့်မိတတ်တဲ့ရလဒ်က
နောက်ဆုံးတော့လဲ ဆုံးရှုံးခြင်းတွေပဲပေါ့…….
same with me!

commentinfo By: မေပျို at Dec 7, 2012
Comment #2

အားပေးသွားပါ တယ်

commentinfo By: yamin at Jan 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment