Professional Authors

နင့်အတွက်ဆို……

ကာလတွေကြာခဲ့ပြီပဲ…..
နင်….သံယောဇဉ်သာထားတတ်မယ်ဆို

ရင်
အကြောင်းအရာတွေ ထည့်တွက်
ငါ့ကို အဲလောက်ထိ မရက်စက်သင့်ဘူး….။

နင် မချစ်ခဲ့လို့
ထားပစ်ရက်ခဲ့တာဆိုရင်
အမြစ်တွေတွယ်နိုင်တဲ့ ချစ်ခြင်းတွေနဲ့
နင့်ကို ဆို ငါ….အပြစ်တွေ မမြင်နိုင်အောင်….
ဟန်ဆောင်ခြင်းတွေ ဘာကြောင့် ပီပြင်ခဲ့ရတာလဲ….?

နင်လိုအပ်ချိန်တိုင်း….
နင့်ရဲ့ဘေးမှာ အမြဲရှိနေပေးတဲ့ ငါ့ကို
နင် မလိုအပ်တော့တဲ့အချိန်မှာ ကြက်ခြေခတ်
အလွယ်တကူလည်း နင်….စွန့်ပစ်ခဲ့ရက်တယ်….။

မှားခဲ့ဖူးတဲ့ နင့် အကြိမ်ကြိမ်တွေအတွက်…
ဒေါသတကြီးနဲ့….ငါ ခွင့်လွတ်ပေးခဲ့ရတာ
…….ဒါတွေကိုတောင် နင် မငဲ့ထောက်ဘဲ
ဝေးသထက်…..ဝေးသွားအောင်….နင်မို့
စေခိုင်းရက်ခဲ့တယ်….။

ငါနင့်ကို မုန်းတယ်လို့
လူသိရှင်ကြား ခဏခဏပြောနေခဲ့တာ
နင့်ကို…ငါ့ကြောင့် မုန်းနေတဲ့သူတွေ
နည်းပါးသွားအောင်လို့ပါ….။

ဒီဘ၀မဟုတ်လည်း နောင်ကာလတွေထဲ
ငါနင်နဲ့ မဆုံဖြစ်အောင်ဆုတောင်းပါတယ်
ချစ်ခြင်း သက်သက်နဲ့ …..
ငါ့ရင်ဘက်အပြည့် နင့်ကို ချစ်ခဲ့ဖူးလည်း….
ဒါ့ထက်ပိုတဲ့ စိတ်နာစေမှု……
နင့်အတွက်ဆို နေရာစုံက လာတတ်လွန်းလို့…..
ဘယ်သူမှ မသိအောင် ငါ ငိုနေရင်း……
နင်နဲ့ ဝေးရာသို့ နင့်အမိန့်ကိုလည်း ငါနာခံပါ့မယ်…..။

နင်ကြုံတွေ့ခဲ့တဲ့ လိုတရဒဏ္ဍာရီထဲက ငါ့ကို…
နင်….နောက်ထပ်
ဘယ်တော့မှ….
ထပ်မတမ်းတနဲ့…….။

နင့်အတွက်ဆို ၀ဋ်ကြွေးတွေက
ပြန်ချေပဖို့လည်း…အနီးနားမှာ တာဆူနေကျလို့ပါ…။    ။

အလွမ်း(ကေသရီ)
In: ကဗျာ Posted By: Date: May 16, 2011
Comment #1

ဒီဘ၀မဟုတ်လည်း နောင်ကာလတွေထဲ
ငါနင်နဲ့ မဆုံဖြစ်အောင်ဆုတောင်းပါတယ်
ချစ်ခြင်း သက်သက်နဲ့ …..
ငါ့ရင်ဘက်အပြည့် နင့်ကို ချစ်ခဲ့ဖူးလည်း….
ဒါ့ထက်ပိုတဲ့ စိတ်နာစေမှု……
နင့်အတွက်ဆို နေရာစုံက လာတတ်လွန်းလို့…..
ဘယ်သူမှ မသိအောင် ငါ ငိုနေရင်း……
နင်နဲ့ ဝေးရာသို့ နင့်အမိန့်ကိုလည်း ငါနာခံပါ့မယ်…..။
အင်း နာခံခဲ့ ရတာပေါ.နော ချစ်တာကိုး

commentinfo By: wxad at May 16, 2011
Comment #2

ငါနင့်ကို မုန်းတယ်လို့
လူသိရှင်ကြား ခဏခဏပြောနေခဲ့တာ
နင့်ကို…ငါ့ကြောင့် မုန်းနေတဲ့သူတွေ
နည်းပါးသွားအောင်လို့ပါ….။
အဲ့စာသားလေးအရမ်းကောင်းတယ်
အဲ့ဒါသူမသိအောင်ချစ်လိုက်တာပဲ…။

commentinfo By: heintun at May 17, 2011
Comment #3

နင် မချစ်ခဲ့လို့
ထားပစ်ရက်ခဲ့တာဆိုရင်
အမြစ်တွေတွယ်နိုင်တဲ့ ချစ်ခြင်းတွေနဲ့
နင့်ကို ဆို ငါ….အပြစ်တွေ မမြင်နိုင်အောင်….
ဟန်ဆောင်ခြင်းတွေ ဘာကြောင့် ပီပြင်ခဲ့ရတာလဲ….?

commentinfo By: aniyoung at May 17, 2011
Comment #4

ကာလတွေကြာခဲ့ပြီပဲ…..
နင်….သံယောဇဉ်သာထားတတ်မယ်ဆို

ရင်
အကြောင်းအရာတွေ ထည့်တွက်
ငါ့ကို အဲလောက်ထိ မရက်စက်သင့်ဘူး….။

commentinfo By: phonegyi at May 19, 2011
Comment #5

နင်ကြုံတွေ့ခဲ့တဲ့ လိုတရဒဏ္ဍာရီထဲက ငါ့ကို…
နင်….နောက်ထပ်
ဘယ်တော့မှ….
ထပ်မတမ်းတနဲ့…….။

commentinfo By: မြင့်မိုရ် at Jun 13, 2011
Comment #6

နင်လိုအပ်ချိန်တိုင်း….
နင့်ရဲ့ဘေးမှာ အမြဲရှိနေပေးတဲ့ ငါ့ကို
နင် မလိုအပ်တော့တဲ့အချိန်မှာ ကြက်ခြေခတ်
အလွယ်တကူလည်း နင်….စွန့်ပစ်ခဲ့ရက်တယ်….။

commentinfo By: pyaephyo at Jul 18, 2011
Comment #7

Good Poem

Comment #8

ကေ့ကဗျာတွေကတော့ ဘယ်အချိန်ဖတ်ဖတ်..heart တဲ့နေတာပဲ..ဗျာ…..

commentinfo By: အသဲကွဲမိုး at Aug 15, 2011
Comment #9

Love it ..

commentinfo By: Mike@unG at Nov 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment