Professional Authors

ဝမ်းနည်း ကဗျာသံစဉ်

မာကျောအေးစက်နေတဲ့ ငါ့နှလုံးသား
နင်နဲ့တွေ့မှ နွေးထွေးမှုကို သိတတ်လာခဲ့တယ်
ကယောင်ခြောက်ခြားအတွေးတွေနဲ့ နေ့ရက်တိုင်းကို
ကုန်ဆုံးတတ်တဲ့ငါ ..
နင်နဲ့တွေ့မှ ငါ့နေ့ရက်တွေ
အဓိပ္ပါယ် ပြည့်ဝလာတယ်
အတ္တတွေနဲ့ ပူလောင်နေတဲ့ ငါ့ဘဝ
နင်နဲ့တွေ့မှ ငြိမ်းချမ်းလာတယ်..
သံစဉ်တွေကို မခံစားတတ်တဲ့ငါ
နင်နဲ့တွေ့မှ ရစ်သမ်တွေထဲ မျှောလွှင့်တတ်လာတယ်
ကဗျာတွေကို မရေးတတ်တဲ့ငါ
နင်နဲ့တွေ့မှ နှလုံးသားထဲက ကဗျာစာသားတွေ
ပေါက်ကွဲထွက်လာတယ်…
ခုတော့…..
နင်ထားခဲ့တဲ့ငါ …
နှလုံးသားအသေကြီးနဲ့
ငါ့ကဗျာတွေလည်း မျက်ရည်ရွဲ
ငိုကြွေးခြင်းသံစဉ်တွေပဲ ပေါက်ကွဲထွက်လို့….

In: ကဗျာ Posted By: Date: Nov 28, 2011
Comment #1

?

Comment #2

😀 ဆောရီးပါ.. ပုံလေးထည့်တာ ထည့်လို့မရဘဲ စာတွေပါ ပျောက်ကုန်တယ်…း)

commentinfo By: Shinny at Nov 28, 2011
Comment #3

a chit,,,
a chit,,,
a chit,,,
min daw daw soe tar pe.

commentinfo By: ei lay at Nov 29, 2011
Comment #4

read again par

commentinfo By: ei lay at Apr 1, 2012
Comment #5

နင်ထားခဲ့တဲ့ငါ နှလုံးသားအသေကြီးနှင့်… ကဗျာတွေမျက်ရည်ရွှဲတယ်

commentinfo By: မေပျို at Nov 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment