Professional Authors

ဆေးလိပ်တိုစတွေနှင့်စွန့်ပစ်ခံပြာမှုန့်များ – နရီထက်

မီးရဲစတွေ ထွက်ပြီးစမှ
ရဲနီနီ ပြာတစ်လှည့်မှ
အငွေ့ကွင်းလေးတွေ
တလိပ်လိပ်ထုတ်လိုက်တယ်
ရှေ့စမှ ပြာကြွေတွေက
ထွက်လာတယ်

အတွေးရယ် ရစ်ပတ်ပြီးကာမှ
စဉ်းစားကာ ဖြေလျှော့လိုက်တော့
ပြာခွက်ထဲမှာ ပြာမှုန့်လေးတွေက
ပုံလေးနေရဲ့. . . ။

ပြာခွက်နံဘေးသပ်မှာ
ထောင့်ချိုးမကျတဲ့
စီးကရက်အတိုစတွေက
ပန်းချီချယ်သည့်နှယ်
ပုံစံမကျစွာ လှဲနေတာရယ်
အခြားစတိုင်မ်တွေနှင့်
နေရာ ယူထားသေးတယ်
ပြာပုံစတွေအလယ်။

ကိုယ့်သွေးကြောထဲ
နေရာယူထားတဲ့
အတွေးစိမ့်စိမ့်တွေကို
မီးခိုငွေ့အဖြစ်
ဖန်တီးလိုက်တော့
လက်ကျန်အဖြေက
ပြာပုံစတွေပဲ ထွက်လာတယ်
သောက်လတ်စ စီးကရက်တိုကို
မီးငြိမ်းသတ်ချင်နေပြီး။

မသိမသာလေး
အနားက ပြာခွက်ကို
လှမ်းကြည့်မိတော့
တော်သင့်ပြီးဆိုတဲ့
မျက်နှာလေးနှင့် ပြာခွက်လေးက
လှမ်းပြောလိုက်သလိုပဲ။

အချိန်တန်လို့
နေရာယူများလာတဲ့
ပြာပုံစတွေ
စွန့်ပစ်ဖို့ အချိန်သင့်ခဲ့ပြီး
အိမ်နောက်ဖေးက အမှိုက်ပုံးထဲ
ထိုးပစ်ခဲ့လိုက်တယ်
နောက်လာမဲ့ ပြာပုံစအတွက်
ဘူးခွံထဲ ကျန်တဲ့ စီးကရက်အသစ်ကိုလည်း
ထပ်ပြီး မီးညှိရအုန်းမယ်
မဟုတ်လား.  . .  ။     ။

နရီထက်
( ၂၃ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment