Professional Authors

ငါတောင်းမဲ့ဆု

ပြုလုပ်သူရဲ့ နေရာ
နင်လို.သိလိုက်ရတဲ့ ခဏ
ခံစားခဲ့ရသူ ငါ
ခွင်.လွှတ်ပေးလိုက်တယ်
ငါ. ချစ်ခြင်းက နင်. အတွက်ဆို
ခွန်အားမဲ့တယ်။

အေးပါ
ငါ ဟာ နင်.အတွက်
အပျော်တွက်
ပုစ္ဆာတစ်ပုဒ်ဆိုတာ
သဘောပေါက်ပါတယ်
စဉ်းစားတိုင်း
အဖြေထွက်ခဲ့မယ်ဆိုရင်
ငါ.လောက်စဉ်းစားရလွယ်တဲ့
  ပုစ္ဆာ မရှိဘူးလို.
ငါ  ၀န်ခံတယ်။

မြှောက်ဖော်ကိန်းရဲ့ ဘေး
ကြိုက်ရာ အစားသွင်းတဲ့ အထဲ
ငါ ပါတယ်
ငါ ဟာ
Substitution Formula။

အတွက်ခက်မှာ ဆိုးတဲ့ စိတ်နဲ့
တွေ.သမျှတန်ဖိုးတိုင်း
ညီမျှခြင်းထိုးပေးခဲ့တာ
ငါ. တန်ဖိုးရဲ့ အတီမ်အနက်
ဘာနဲ့ တိုင်းခဲ့သလဲ
အေးလေ
တန်ဖိုးခြင်းမှ မတူခဲ့တာကိုး။

ပြောရက်တယ်
အဖြူရောင်သံယောဇဉ်တဲ့
ငါကတော. အဖြူကို အရောင် ထပ်ချွတ်တယ်
ငါ. အချစ်က
သတ်မှတ်ချက်တွေ ကင်းတဲ့ အရာ။

တစ်ချိန်ကလေပြေလို.
ထင်ခဲ့တဲ့နေရာ
ခုတော. မုန်တိုင်းဗဟိုချက်ဖြစ်တာ
သိလိုက်ရပြီ။

ပြောခဲ့တယ်လေ
အဆိပ်တစ်ခွက် ဖြစ်ပါစေဦးတော.
ငါ တရှိုက်မတ်မတ် သောက်သုံးခဲ့သူပ့ါ
နင်သာ ကမ်းပေးမယ် ဆိုရင်ပေါ.
ငါ. အတ္တနဲ့ ငါ.ကိုယ်ငါ
အရောင်တွေ ပြောင်း
 ငါ. ည ကို ငါ နက်ခဲ့တယ်။

ဆုတောင်းတိုင်းသာ ပြည်.မယ်ဆိုရင်
ငါ
ဆုတစ်ခုတောင်းလိုက်မယ်
ငါ. ချစ်သူ
ငါတောင်း သည်. ဆုတိုင်း
ဘယ်တော.မှ မပြည်.ပါစေနဲံ
ဘယ် တော. မှ မပြည်. ပါ စေ နဲ့ လို. ။

                                                        wx@d…?

In: ကဗျာ Posted By: Date: May 14, 2011
Comment #1

တစ်ချိန်ကလေပြေလို.
ထင်ခဲ့တဲ့နေရာ
ခုတော. မုန်တိုင်းဗဟိုချက်ဖြစ်တာ
သိလိုက်ရပြီ။

ဆုတောင်းတိုင်းသာ ပြည်.မယ်ဆိုရင်
ငါ
ဆုတစ်ခုတောင်းလိုက်မယ်
ငါ. ချစ်သူ
ငါတောင်း သည်. ဆုတိုင်း
ဘယ်တော.မှ မပြည်.ပါစေနဲံ
ဘယ် တော. မှ မပြည်. ပါ စေ နဲ့ လို. ။ စကားလုံးသုံးနှုံးသွားပုံတွေမိုက်၏။

commentinfo By: terry at May 16, 2011
Comment #2

ဟုတ် ကောင်းတယ် ထင်ပေးတာကျေးဇူးပါနော်

commentinfo By: wxad at May 16, 2011
Comment #3

မြှောက်ဖော်ကိန်းရဲ့ ဘေး
ကြိုက်ရာ အစားသွင်းတဲ့ အထဲ
ငါ ပါတယ်
ငါ ဟာ
Substitution Formula။

အတွက်ခက်မှာ ဆိုးတဲ့ စိတ်နဲ့
တွေ.သမျှတန်ဖိုးတိုင်း
ညီမျှခြင်းထိုးပေးခဲ့တာ
ငါ. တန်ဖိုးရဲ့ အတီမ်အနက်
ဘာနဲ့ တိုင်းခဲ့သလဲ
အေးလေ
တန်ဖိုးခြင်းမှ မတူခဲ့တာကိုး။

commentinfo By: Flora White at May 16, 2011
Comment #4

so good 🙂

commentinfo By: Moe Thit Lay Pyay at May 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment