Professional Authors

ကမ္ဘာပျက်တဲ့နေ့

လောကမှာ နေတွေကွယ်
ကြယ်တွေပြယ်
ကောင်းကင်ရယ် ကြွေလွင့်သွားလို့
ကမ္ဘာပျက်ပြီတဲ့လား
လောကကြီးကို ဇောင်းတိုက်ဟားလိုက်ချင်တယ်….

ပင်လယ်ရေခန်း
ကန္တာရလမ်းတွေမှာ
တောင်တွေ ပြိုလို့
ငလျင်တိုရှည်နဲ့ မိုးပြို ပြီတဲ့လား
ရင်ထဲက ခံစားချက်နဲ့ ရွဲ့လိုက်ချင်တယ်…..

မီးတောက်တွေ တလျှံလျှံ
လောကကြီးလောင်မြိုက်လို့
အသားတွေ ကြွေလှိုက်သွားပြီတဲ့လား
ဒါလောက်တော့ သနားလိုက်ချင်တယ်……….

တကယ်ပါ…
ငါ့ဘေးမှာ ဘာတွေဖြစ်ဖြစ်
ကမ္ဘာသစ်တည်ဖို့ ကမ္ဘာကြီးပျက်ပြနေလည်း
မခံစားတတ်တော့ဘူး…….

မင်းပေးတဲ့ဆူးတွေက
ငါ့ကို ရူးသွပ်သွားစေတယ်
ဒီရင်မှာ အပေါက်ဗလာဟာနဲ့
မညာမတာ စွန့်ပစ်ခဲ့
မမုန်းရက်နိုင်ပေမယ့်
အဆုံးသတ်ခံခဲလိုက်ရပြီ
နှလုံးသားနဲ့တည်
စိတ်ကူးတွေနဲ့ ရည်ထားတဲ့
ချစ်ခြင်းအဘိဓာန် ကမ္ဘာမှန်လေးကတော့
ပျက်သုဉ်းလို့ကွယ်ပျောက်
ဘယ်များရောက်သွားပါလိမ့်…………………

ဘယ်အရာတွေပျက်သုဉ်းသုဉ်း
ဘာတွေဘယ်လို ဆုံးရှုံးသွားပါစေ
ငါ့တွက်ကမ္ဘာပျက်တဲ့နေ့က
ချစ်သူလက်ဆောင်တခုပါ…..
အမှတ်တရတစ်ခုအနေနဲ့
မင်းဝင်မယ့်လမ်းမှာ
ကမ္ဘာသစ်တည်ဖို့
ချစ်သူ…ကြိုလင့်ခွင့်တော့ မတားလိုက်ပါနဲ့…..

…………………………………မြူမင်းသွင်

In: ကဗျာ Posted By: Date: May 9, 2011
Comment #1

ကမ္ဘာ မပျက်ချင်ဘူးဗျာ

Comment #2

wow,,
so much touching

commentinfo By: ei lay at Oct 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment