Professional Authors

မွေးဖွားခြင်း

ကိုယ့်နာမည်ကို ကိုယ့်အသိုင်းအ၀ိုင်းထဲ

စတင်လက်ဆင့်ကမ်းတဲ့အခါ …

 

နတ်ဆိုးမျက်ဝန်းတချို့ …

သူရဲကောင်းမျက်ဝန်းတချို့ …

မုဒိတာမျက်ဝန်းတချို့ …

မေတ္တာမျက်ဝန်းတချို့ …

ဥယျာဉ်မှူးမျက်ဝန်းတချို့ …

အနုပညာမျက်ဝန်းတချို့ …

လူမိုက်မျက်ဝန်းတချို့ …

 

ငါ့ကို ၀ိုင်းကြည့်ကြတယ် …

 

ဆက်လက်ပြီး ငါ့နာမည်ကို သူတို့တွေလက်ထဲ ဝေဖန်ခိုင်းတယ် …

ဝေဖန်ချက်တချို့ကို မကြိုက်ဘူး …

တချို့ကို ကြိုက်တယ် …

တချို့ကို လိုအပ်တယ် …

တချို့ကို သဂြိုလ်လိုက်တယ် …

 

ဒီမှာ ညီမလေး …

လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကြီးပြင်းတာကွဲ့ …

In: ကဗျာ Posted By: Date: Dec 22, 2010
Comment #1

တမျိုးလေးဘဲ … ပတ်ဝန်းကျင်ကြီးကြောင့်လဲ မဟုတ်ပါဘူးဗျာ….

Comment #2

နတ်ဆိုးမျက်ဝန်းတချို့ …

သူရဲကောင်းမျက်ဝန်းတချို့ …

မုဒိတာမျက်ဝန်းတချို့ …

မေတ္တာမျက်ဝန်းတချို့ …

ဥယျာဉ်မှူးမျက်ဝန်းတချို့ …

အနုပညာမျက်ဝန်းတချို့ …

လူမိုက်မျက်ဝန်းတချို့ …

ငါ့ကို ၀ိုင်းကြည့်ကြတယ် …

ဆက်လက်ပြီး ငါ့နာမည်ကို သူတို့တွေလက်ထဲ ဝေဖန်ခိုင်းတယ် …

ဝေဖန်ချက်တချို့ကို မကြိုက်ဘူး …

တချို့ကို ကြိုက်တယ် …

တချို့ကို လိုအပ်တယ် …

တချို့ကို သဂြိုလ်လိုက်တယ် …

အဲဒီလောက်ဆို လောက်လုံပါတယ်..
ပတ်ဝန်းကျင် အကြိုက်တော့ မလိုက်ပါနဲ့…

commentinfo By: နရီထက် at Dec 22, 2010
Comment #3

ဝေဖန်အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ် … အားလုံးပဲ တံငါနားနီး တံငါ … မုဆိုးနားနီး မုဆိုး ဆိုတာကို ကြားဖူးမယ် ထင်တယ် … လူဘယ်လောက်ပဲ ကြိုးစားကြိုးစား ပတ်ဝန်းကျင်ရဲ့ တွန်းပို့မှုမပါရင် ဘာမှ မဖြစ်နိုင်ပါဘူး … ဒီလောက်ပဲ ပြောပါရစေ … ပြန်ငြင်းတာ မဟုတ်ဘူး … ကျွန်တော့်အတွေးကို ပြန်ချပြတာ … ကျေးဇူး …

အားပေးဝေဖန်မှုများကို အစဉ်တောင့်တလျက်

လျံနိုး

commentinfo By: lianno at Dec 23, 2010
Comment #4

ပညာတတ်အသိုင်းအ၀ိုင်းက ပညာတတ်တွေချည်းပဲ ထွက်သလား? သာမန်လက်လုပ်လက်စား အသိုင်းအ၀ိုင်းက မိသားစု တစ်ခု ဟာ ဘယ်တော့မှ မချမ်းသာ မကြီးပွားတော့ဘူးလား? လူကောင်းတွေထဲမှာ လူဆိုးမရှိဘူးလား? လူဆိုးတွေထဲမှာရော သူတော်ကောင်းတွေ မရှိနိုင်ဘူးလား?

လောကမှ ပတ်ဝန်းကျင်ကြောင့်လဲ မဟုတ်ပါဘူး၊ မြတ်စွာဘုရားဟောထားသလို ကံ ကံ၏ အကျိုးကြောင့် ဖြစ်လာတာပါ။ ကံကို ယုံလို့ ဆူးပုံနင်းလို့တော့မရပါဘူး။ လူကိုယ်တိုင်ရဲ့ အသိဥာဏ်နဲ့ လည်း ဆိုင်ပါတယ်။ ပတ်ဝန်းကျင်တွန်းပို့မှုဆိုတာ မရှိပါဘူးလို့ မငြင်းပါဘူး။ ဒါက အနည်းအကျဉ်းပါ။ ကိုယ့်အရည်အချင်းကို ချပြနိုင်ဖို့ မှန်ကန်တဲ့ အချိန်နဲ့ အခွင့်အရေးသာ လိုအပ်တာပါ။

ဟိုးအရင်ခေတ်ကတည်းက ဒေ၀ဒတ်ဆိုတာ ပုဂ္ဂိုလ်ဟာ မြင့်မြတ်တဲ့ သံဃာတော်တွေထဲမှာ ကျက်စားခဲ့တဲ့ သူဆိုတာကို သတိထားသင့်ပါတယ်။။။

မုဆိုးနားနီး မုဆိုး တံငါးနားနီး တံငါဆိုတာ ပျော့ညံ့တဲ့ သူ အနည်းစုတွေ အတွက်ပဲ မှန်ပါတယ်။

ငြင်းဆိုတာ မဟုတ်ပါ။ လမ်းမှန်ကို ချပြခြင်းဖြစ်ပါသည်။
ကျေးဇူးတင်ပါတယ်ဗျာ

လိပ်ပြာ (မင်းရာဇာ)

Comment #5

ကိုလိပ်ပြာပြောတာမှန်ပါတယ်ခင်ဗျ … အကိုနဲ့ ကျွန်တော်နဲ့ နားလည်လွဲနေကြတာ ခင်ဗျ … သူတောင်းစားအသိုင်းအ၀ိုင်းထဲက သူကြွယ်ထွက်တတ်ပါတယ် … ကျွန်တော်ပြောချင်တာက ကံပိုင်းမဟုတ်ဘူး …ဒီလိုဗျ ပြောပြမယ် … ကျွန်တော် ငယ်ငယ်ကတည်း စာပေအရမ်းကို ရူးသွပ်ခဲ့တယ် … အဲဒါ ဘာကြောင့်လဲ … စာဖတ်အားသန်တဲ့ အမေကြောင့်ပဲဗျ … အဲဒီလို ပြောချင်တာပါခင်ဗျ … ကံ အကြောင်း မဟုတ်ဘဲနဲ့ … ပတ်ဝန်းကျင်ထဲမှာ လူက နစ်ဝင်သွားတတ်တဲ့အကြောင်းကို ပြောချင်တာပါခင်ဗျ … နားလည်မယ် လို့ ထင်ပါတယ် … ဒါနဲ့ အွန်လိုင်းမှာ စကားလက်ဆုံပြောချင်တယ်ဗျာ … ကျွန်တော့်မေးလ်က iamlianno@ ပါ … တရင်းတနှီးပေါ့လေ …ပတ်ဝန်းကျင်အကြိုက်မ လိုက်ရဘူး … ဒါပေမဲ့ ဂရုတော့စိုက်ရမယ် … လူဆိုတာ ပတ်ဝန်းကျင်မရှိရင် ဘာဖြစ်သွားနိုင်သလဲ … ဒေ၀ဒတ်က ကံကြောင့် ဖြစ်လာတာ … သူ အဲဒီလိုဖြစ်ကိုဖြစ်ရမယ် လို့ ဘ၀ဇာတ်ကံပါလာလို့ … သူ ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး လိုက်လျောညီထွေ နေကြည့်ပါလား … သံဃာကောင်းဖြစ်လာနိုင်တယ်လေ … အခု ကျွန်တော်တို့ အချေအတင်ဖြစ်နေကြတာဟာလည်း နောင်တချိန်ညီ အကိုလို ခင်မင်ဖို့ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်လဲ … မဟုတ်လား … ဒါဟာ ဘာကြောင့်လဲ … ကိုလိပ်ပြာတွေ့နေရတဲ့ ကိုလိပ်ပြာရဲ့ ပတ်ဝန်းကျင်(ဒီကဗျာဆိုဒ်လေးပေါ်က)က ကျွန်တော့်ကဗျာလေးကြောင့် …. ဒါကြောင့် ပြောရင်းဆိုရင်း ကိုလိပ်ပြာလည်း ပတ်ဝန်းကျင်ထဲ နစ်ဝင်သွားပြီလေ … ကဲပါ နားမလည်လည်း ထားလိုက်တော့ … ကိုယ့်အယူအဆနဲ့ကိုယ်ပေါ့ … ကိုလိပ်ပြာနဲ့ ခင်မင်ရင်းနှီးချင်ပါတယ် … မေးလ်ပေးလိုက်ပြီနော် … ကမ်းလှမ်းပါတယ် ခင်မင်ဖို့ …

commentinfo By: lianno at Dec 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment