Professional Authors

ဆက်ထုံး

နင်မေ့နိုင်မှတော့ ငါကျန်ရစ်ခဲ့တာ
မထူးဆန်းတော့ပါဘူး………
နင့်အတ္တတွေကို  ငါက အရောင်ကူခြယ်ရင်း
ငါ့မာနတွေပဲံ မြေခခဲ့တာ ရလဒ်ကတော့ အရှုံးတွေပဲကြွင်းတယ်…။
ချစ်ခဲ့တာပေါ့ နင့်ကို
ငါ့အနာဂတ်တွေကိုတောင် စွန့်ပစ်ရဲလောက်တဲ့အထိ
နင်တစ်ယောက်ကိုသာ ငါရူးရူးမူးမူး စွဲလန်းခဲ့ဖူးတယ်….။
တကယ်တမ်းက မှုန်ရီေ၀၀ါးနေတဲ့ နင့်အချစ်တွေကို
မက်မက်မောမောတွယ်ကပ်စွာ မစွန့်ပစ်နိုင်ခဲ့တဲ့
ငါက နင့်အတွက်တော့ အာရုံနောက်စရာတစ်ခုသာဖြစ်ခဲ့တယ်…။
ပျောက်ကွယ်လုစပြုနေတဲ့ သံယောဇဉ်ကြိုးကို
ငါက တစ်နေ့နေ့တော့ ခိုင်မြဲလာမလား စိတ်ကူးတစ်ချို့နဲ့
ကြိုးစားပြုပြင်ခဲ့လည်း ဆက်ထုံးဟာ ဆက်ထုံးပါပဲ…။

In: ကဗျာ Posted By: Date: Mar 17, 2012
Comment #1

oh,,,
so sorry to read,
anyway,,nice poem

commentinfo By: ei lay at Mar 17, 2012
Comment #2

ပျောက်ကွယ်လုစပြုနေတဲ့ သံယောဇဉ်ကြိုးကို
ငါက တစ်နေ့နေ့တော့ ခိုင်မြဲလာမလား စိတ်ကူးတစ်ချို့နဲ့
ကြိုးစားပြုပြင်ခဲ့လည်း ဆက်ထုံးဟာ ဆက်ထုံးပါပဲ…

commentinfo By: kantkawmg at Mar 17, 2012
Comment #3

ဆက်ထုံးဟာ ဆက်ထုံးပါပဲ…။
သိပ်မှန်တဲ့စကား

commentinfo By: အသဲကွဲမိုး at Mar 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment