Professional Authors

ဆက်ထုံး..ထုံးခြင်း

ချစ်သူရေ…
နင်ငိုတဲ့ နေ့ က
ပန်းတွေမပွင့်ဘူး
မိုးမရွာဘူး
လေမတိုက်ဘူး
ငါလဲ တေမိမင်းပဲ……

ချစ်သူရေ…
တခဏလောက်ပြုံးပါ
အဲဒီအပြုံးတွေကိုပွေ့ ဖက်
ငါအသက်ထွက်တဲ့ထိ
ဇူးရစ်နတ်တွေနဲ့
စီးချင်းထိုးမယ်….

ချစ်သူရေ…
တခဏလောက်လှည့်ကြည့်ပါ
အဲဒီအကြည့်တွေထွေးပိုက်
ငါမျက်ဖြူစိုက်တဲ့ထိ
အသူရာနတ်သကြားနဲ့ 
စစ်ခင်းမယ်…..

ချစ်သူရေ….
တခဏလောက်ဖြစ်ဖြစ်စာနာပေးနော်
မညှာမတာတွေးတာမဟုတ်
တခါတခါ အဆွေးများ
ရက်မက်ကြီးတယ်ထင်
ပြန်ပြင်ရင် ဆက်ထုံးတွေထုံး
တစ်သက်လုံးလဲနောင်တတွေနဲ့ 
ဗြောင်ကျကျအတွေးကိုဖယ်ခွါ
အပယ်ရွာကိုပင်လားပါစေအုံးတော့
ငါလေ ……
ငါလေ…
ငါလေ…
………….နင့်ကို …ဒီဘ၀တွက်…..????

ချစ်သူရေ….
………အဲဒီနေ့ က
……..ပန်းတွေမပွင့်ဘူး……….

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)
22 Sep 2011/(7:15AM)

In: ကဗျာ Posted By: Date: Sep 22, 2011
Comment #1

ချစ်သူရေ….
တခဏလောက်ဖြစ်ဖြစ်စာနာပေးနော်
မညှာမတာတွေးတာမဟုတ်
တခါတခါ အဆွေးများ
ရက်မက်ကြီးတယ်ထင်
ပြန်ပြင်ရင် ဆက်ထုံးတွေထုံး
တစ်သက်လုံးလဲနောင်တတွေနဲ့ 
ဗြောင်ကျကျအတွေးကိုဖယ်ခွါ
အပယ်ရွာကိုပင်လားပါစေအုံးတော့
ငါလေ ……
ငါလေ…
ငါလေ…
………….နင့်ကို …ဒီဘ၀တွက်…..????

commentinfo By: May Kha at Sep 22, 2011
Comment #2

ချစ်သူရေ….
………အဲဒီနေ့ က
……..ပန်းတွေမပွင့်ဘူး……:'(:'(

commentinfo By: sharon myorr myor at Sep 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment