Professional Authors

၇ိုးသားစွာချစ်ခဲ့ခြင်းဖြစ်ပါကြောင်း

မာယာချိုချိုတွေမသုံးခဲ့ပါဘူး
ညနေညိုတွေထဲမှာ
ရင်ခုန်ခြင်းစစ်စစ်တွေနဲ့လိမ်းကျံလို့
နှလုံးသားကတိတိကျကျခံစားပေးခဲ့တာပါ….
ငါ့ချစ်ခြင်းတရားမှာ
ဂုဏ်ဒြပ်၊ရုပ်ဝတ္ထုတွေမလိုဘူး
စိတ်ဝိညာဉ်ကိုပဲပိုင်စိုးချင်ခဲ့တာ…
မုသားနဲ့လိမ်းကျံထားတဲ့
စကားလုံးလှလှတွေမပါလည်း
ငါ့ချစ်ခြင်းကခိုင်မြဲနေမှာပါ…
ကြင်နာခြင်းတွေနဲ့အတူ
ရိုးရိုးသားသားပဲ
ရင်တခုလုံးရင်းပြီး
ချစ်ခြင်းဆိုတဲ့အနုပညာကို
နင်နဲ့အတူထုဆစ်ဖို့
ရိုးရိုးလေးပဲမျှော်လင့်ခဲ့တာပါ……..။              ။

In: ကဗျာ Posted By: Date: May 7, 2011
Comment #1

အ၇မ်းကောင်းပါတယ် အားပေးသွားပါတယ်။

commentinfo By: poem.poem28 at May 8, 2011
Comment #2

Good

commentinfo By: Han paing Oo at Jul 9, 2011
Comment #3

ခံစားချက်ချင်း အရမ်းတိုက်ဆိုင်နေတယ်

commentinfo By: chocolate at Aug 19, 2011
Comment #4

ရိုးရိုးသားသားပဲ
ရင်တခုလုံးရင်းပြီး
ချစ်ခြင်းဆိုတဲ့အနုပညာကို
နင်နဲ့အတူထုဆစ်ဖို့
ရိုးရိုးလေးပဲမျှော်လင့်ခဲ့တာပါ……..။ good

commentinfo By: han paing oo at Aug 20, 2011
Comment #5

so so sooooooooooooooooooo niceeeeeeeeeeeeeeee

commentinfo By: ei lay at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment