Professional Authors

ဝန်ခံခြင်း

မမြင်ရတဲ့ကြိုးတွေက
လှုပ်လို့မရအောင်ချည်နှောင်တတ်မှန်း
ငါကိုယ်တိုင်မသိခဲ့လို့
ဘယ်တော့မှလှည့်မကြည့်ကြေးလို့
အပြောကြီးခဲ့မိတယ်
ကျောချင်းကပ်ပြီးခါမှ
အလွမ်းဆိုတဲ့ခါးသက်ခြင်းတွေကို
ငါမခံစားရဲဘူး….
သာမန်လို့ထင်ခဲ့တဲ့
အဖြစ်တွေက
အမှတ်တရတွေဖြစ်လာတယ်
ပြောခဲ့ဖူးတဲ့နင့်စကားချိုချိုတွေကလည်း
ညတွေတိုင်းမှာပဲ့တင်ထပ်တယ်
တကယ်တော့
ငါဟာ……
ညောင်ညိုပင်လမ်းခွဲမှာ
တိတ်တိတ်လေးဝမ်းနည်းနေရသူပါ…….။

In: ကဗျာ Posted By: Date: Mar 12, 2011
Comment #1

ပြောခဲ့ဖူးတဲ့နင့်စကားချိုချိုတွေကလည်း
ညတွေတိုင်းမှာပဲ့တင်ထပ်တယ်
အားပေးနေပါတယ်ဗျာ…

commentinfo By: genius.jinx28 at Mar 12, 2011
Comment #2

ဒီလိုခါးသက်ခြင်းအလွမ်းတွေကို ကိုယ်တိုင်ကြုံဖူးသူတွေပဲ ခံစားနားလည်တတ်မှာပါ။
လတ်တလော အလွမ်းတွေရင်ထဲရှိလို့ အတူဝန်ခံ အားပေးသွားပါတယ်…….

commentinfo By: ခရီးသည် at Mar 12, 2011
Comment #3

ညီမလေး ရေ
အားပေးပါတယ်နော်
ဘာလို့ ညောင် ညိုပင် ဖြစ် နေရတာလဲ
ညောင် ပင် က တခြား အရောင် တွေရှိသေးလို့လား စတာပါ နော် 😛

commentinfo By: hmwehmwe at Nov 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment