Professional Authors

တို့နှစ်ဦး

ချစ်ခြင်းယုံကြည့်
ကြင်နာလက်ခံ
စိတ်ချင်းပုံအပ်
မေတ္တာသက်လို့
နှစ်ဦးသဘော
တစ်ဦးချင်းသိ
နင်လည်းငါပဲ
ငါလည်းနင်မို့
ချစ်ခြင်းသက်သေ
မေတ္တာ ထပ်နေမို့
အချိန်မဆွဲ
ရလာသည့်
ထိုအခွင့်အရေး
လက်ကမလွှတ်
အပိုင် ဆုံးမို့
နှစ်ဦးသဘောတူ
စာချုပ်တွေချုပ်
မိဘတွေအပ်
လူကြီးတွေ ထက်
ပိုပြီးချစ်ခင်
ကြင်နာ မယ်ဟု
ကတိတွေပေးသစ္စာတွေထား
ခမ်းနားစွာဖြင့်
အခါတော်ပေး
ကြင်နာခြင်းတေး
ခပ်သွဲ့သွဲ့ ဖွင့်ကာ
ကျွန်တော်တို့နှစ်ဦးကျင်းပခဲ့သော
မင်္ဂလာပွဲပေတည်း
သူမ လည်းမမေ့
ကျွန်တော်လည်းမမေ့
တသက်တာမို့
နှစ်ထောင်းအားရ
စိတ်ချစွာဖြင့်
နေလင့် ပေတော့
အိမ်သူသက်ထား
ဇနီးမယားရေ
မင်းကို ကိုယ်လေ
အသက်ကိုအပ်
မေတ္တာကို ပုံ
အချစ်ကို နှံပြီး
တစ်သက်တာ ချစ်ရသူမို့
အသက်ထက် ဆုံး
လုပ်ကျွေးပြုစုပါမည်…ဟု
ကတိပြုပါ၏…….။

In: ကဗျာ Posted By: Date: Aug 22, 2011
Comment #1

oh,,,
oh,,,
hit to the middle of heart

commentinfo By: ei lay at Oct 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment