Professional Authors

စိတ်နဲ့ကိုယ်မကပ်တဲ့နေ့က စကားလုံးတွေဖောက်ပြန်သွားတယ်

စိတ်နဲ့ကိုယ်မကပ်တဲ့နေ့က စကားလုံးတွေဖောက်ပြန်သွားတယ်

 

 

အိပ်လို့မရတဲ့အဆုံး သွေးကြောထဲ တလက်လက်ခုန်နေတဲ့ကျွန်တော်ချစ်သော

 

သူမနှုတ်ခမ်း ထော်ထော်လေးကို ရုတ်တရက် ထဖမ်းဆုပ်ပစ်လိုက်မိ။

 

ဆယ်စုနှစ်တစ်ခုစာ ရင်မခုန်ခဲ့ဖူးသည့်တစ်ခါသုံးနှလုံးသားကို   ကိုယ်တိုင်လွှတ်တင်လိုက် ပစ်ချလိုက်

 

လုပ်နေသည်ကို တွေ့လိုက်ရသောအခါ ။

 

အန္တရာယ်က လက်တစ်ကမ်း အကွာတွင်ငါးခူပြုံးလေး ပြုံးလျှက်။ မှတ်ချက် (ထိုအပြုံးတွင်မုသားမပါ)

 

ပျော်ရွှင်ခြင်းများ လွတ်ကျကွဲအက်ခဲ့ခြင်းသည် စိတ်ကိုပုပ်ပွဖို့ ဖိအားတစ်ခုဖြစ်ကြောင်း ။

 

ပါးစပ်ကစီးကျနေသည့် သွားရည်တွေ ပြင်ပလေထုနှင့်ဓါတ်ပြု အဆိပ်ဖြစ် သို့သော် အဆိပ်မရှိ ။

 

အနာမကျက်သေး၍ အစိမ်းချုပ်ချုပ်ခံထားရ သို့သော် သတိပေးစာတမ်း မရေးထိုးဖြစ်ခဲ့  ။(မလိုအပ်တာလည်း ပါနိုင်သည်)

 

ကဗျာဆရာကိုယ်တိုင် စိတ်ကြိုက်စွန့်ပစ်ထားသောချစ်ခြင်းမေတ္တာအတု ။ (အတုအစစ်ခွဲခြားခြင်း အတတ်ပညာမကျွမ်းကျင်)

 

တစ် ခါ တစ် လေ မှ မျက် လုံး တွေ ဖွင့် စိတ် အ ကိုင်း အ ဖျား လောက် သာ လေ တိုက် မှ တော့ ။

 

အချစ်နဲ့အနုပညာမြောက် လိင်ဆက်ဆံခြင်း ထပ်တူကျနိုင်ဖို့ မေးခွန်းများဖြေဆိုရန်မလိုပါ ။

 

သွားစမ်း ခပ်ဝေးဝေးမှာနေပြီးအကောင်းစား စကားလုံးတွေနဲ့ ငါ့ကိုမမြူဆွယ်ချင်စမ်းနဲ့  ။

 

လေတိုက်တာ အားအားယားယားမဟုတ်ဘူးတစ်ခါတစ်လေ ချစ်သူက ကျွဲကျောင်းပြီး မီးသွေးရောင်းတယ် ။

 

လိုအပ်ရင် အစအဆုံးပြန်ကောက် သံယောဇဉ်မှာ ချုပ်နှောင်ထားတဲ့ စာချုပ်စာတမ်းမပါဘူး  ။

 

အရင်ကလို အဖြစ်အပျက် အခြေအနေတွေ မရှိတော့ဘူးလေ တူမှမတူတော့တာ

 

ရှင့်အချစ်ဟာ အတုဖြစ်တယ်။(အစမှပြန်ယူသုံးခြင်း ဖြစ်နိုင်၏)

 

အချစ် လိင် လှုမှုရေး တစ်ပင်လိမ် နှစ်ပင်လိမ် သုံးပင်လိမ် ကိုယ့်ကိုယ်ကို ပြန်လိမ်ရင်း အဲဒီညမှာပဲ တော်တော်မူးသွားတယ် ။

In: ကဗျာ Posted By: Date: May 19, 2011
Comment #1

အနှစ်။း)

commentinfo By: မာယာမင်းသား at May 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment