Professional Authors

ချစ်သူ့မျက်နှာ

 

စာပန်းချီအလှ 

ခြယ်သလို့မကုန်

အလှပေါင်းစုံပြည့်ဖြိုး

ကျက်သရေတိုးတဲ့မေ့မျက်နှာ

တစ်ခါသာမြင်ရုံနှင့်

ရင်ခုန်ရလွန်းတယ်

စွဲလမ်းရလွန်းတယ်…..

ထိုထိုအလှနှင့်

ပြည့်ဝလွန်းသူ

မောင့်ချစ်သူမှာ

ထွက်ခွါသွားပြီ

မွေးဌာနီဆီ…

တကယ်ဆိုလျှင်

တစ်နယ်ဆီဝေးလို့

ဆွေးမြေ့တမ်းတ

လွမ်းရပါလည်း

တစ်သက်မမေ့စရာ

မေ့မျက်နှာလေးကို

ထပ်မတွေ့လို့

အခက်တွေ့နေပေမယ့်

တစ်ချိန်ချိန်မှာအခွင့်သာရင်

ချစ်စရာကောင်းတဲ့မေ့မျက်နှာလေးကို

ထပ်တွေ့ချင်ပါသေးတယ်

ချစ်သူလေးရယ်……။     ။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: May 2, 2011
Comment #1

Very Good

commentinfo By: Zay Ye at Jun 13, 2011
Comment #2

အမ အရင်တုန်းက ဖတ်တဲ့ ဒုတိယမြောက်ကဗျာလေးဘဲ..
အားပေးနေတရ်နော့မောင်လေး..

commentinfo By: sandi at Jun 30, 2011
Comment #3

အင်း ဟုတ်တယ်…..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment