Professional Authors

ချစ်သူလေးသိစေဖို့(၂) – ဒီရေလှိုင်း

မရေရာခြင်းဆန်လွန်တဲ့
သီအိုရီကတိတွေနဲ့ ကိုယ့်ရင်ခွင်မှာ
မင်းကိ ပိတ်လှောင်မထားရက်ခဲ့ပါဘူး ချစ်သူလေးရယ်။

မှော်ဆန်လွန်းတဲ့
ချိုသာတိမ်းမူးဖွယ်
ကဗျာစာလုံးလေးတွေနဲ့ မင်းဝိညဉ်ကို ဖမ်းစားချည်နှောင် မထားရက်ခဲ့ပါဘူး ချစ်သူလေးရယ် ။

ညှို့ချက်ပြင်းလွန်းတဲ့
သာယာနာပျော်ဖွယ်
စောင်းသံလှလှတေးသွားလေးတွေနဲ့လည်း င့ါအနားမှ မင်းကို အမြဲ မချုပ်ထားရက်ခဲ့ပါဘူး ချစ်သူလေးရယ် ။

ပညာရှင်ဆန်လွန်းတဲ့ စိတ်လှုပ်ရှားဖွယ်ချစ်ပုံပြင်လေးတွေပြောပြီးလည်း
င့ါလှောင်ချိုင့်ထဲမှာ မင်းကို သိမ်းသွင်းမဖြားယောင်းရက်ခဲ့ပါ
ဘူး ချစ်သူလေးရယ် ။

ယဲ့ယဲ့လေးသာ ရှင်သန်ခွင့်ပေးထားတဲ့ င့ါနှလုံးသားက
အားကောင်းမောင်းသန် တဒိန်းဒိန်းနဲ့ ပေါက်ကွဲကာ မခုန်နိုင်ပေမဲ့လည်း
 သဲ့သဲ့ခုန်နေလိုက်တိုင်းမှာ
မင်းကိုချစ်တယ်ဆိုတဲ့ သံစဉ်လေးတွေသာ ထွက်ပေါ်လာခဲ့ပါတယ် ချစ်သူလေးရယ် ။

ရောင်စုံ ပန်းအလှတွေကို မပျိုးထောင်နိုင်ခဲ့တဲ့
င့ါပါရာဒိုက်မှာ တစ်ပင်သောအပင်လေးကနေ
တစ်ပွင့်သောပန်းလေး ပွင့်လန်းနေရဲ့
မင်းတစ်ယောက်အတွက်သာဆိုတဲ့ အချစ်ပန်းလေးပေါ့ ချစ်သူလေးရယ် ။

ဖြည့်ဆည်းပေးဆပ်ခြင်း သက်သက်နဲ့သာပါ
ထည့်တွက်ထားခဲ့တာကလည်း တစ်ခုထဲလေ
အရာရာမှာ မင်းအဆင်ပြေ ပျော်ရွှင်စေဖို့ပေါ့
အမြင့်ကို မင်းဆန်လို့ ပျံတက်ခြင်ရင်လေ
င့ါနှလုံးသားကို ကန်ထွက်သွားခဲ့ပါ
မင်းတောင်ပံ လေး မကျိုးစေနဲ့နော်
လေကိုဆန်လို့ မင်းလွင့်ချင်လေ
င့ါနှလုံးသားကို ရွက်တစ်စုံအဖြစ်
မင်း တက်ကုန်သာ သွားပါလေ
မင်းလက်ဖျားတွေ မနာစေနဲ့နော်
သည်ကန္တာက မင်းပြေးထွက်လို့
လျှောက်လှမ်း လမ်းတွေကြမ်းခဲ့ရင်
င့ါနှလုံးသားကို မင်းနင်းသွား
မင်းခြေဖ၀ါးလေး မနာစေနဲ့နော် ။    ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012
Comment #1

😛
😛
😛

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment