Professional Authors

အရှုံးချစ်သူ

မင်းကို မမုန်းနိုင်ဘူး
ငါ့ကိုလည်း မမုန်းပါနဲ့
ကံကိုပဲ မုန်းကြရအောင်ပါ။

မင်းက မြင့်လွန်းတယ်
ငါက နိမ့်လွန်းတယ်
လှေကားက တိုလွန်းတယ်
ချစ်သူရယ်
အိပ်မက်ထဲတောင် ထည့် မမက်ရဲခဲ့ဘူး။

မြိုသိပ်မရနိုင်တော့ကြောင်း
မျက်လုံးလေးနဲ့ အသိပေးခဲ့ပြီးပါပြီ
ဒါလေးနဲ့ပဲ ဘ၀ကို
ကျေနပ်နေလိုက်တော့မယ်။

ကလေးရယ်
သူငယ်ချင်းတွေနဲ့ကြုံရင်
ပြောပြရယ်မောဖို့ရာ
ဇာတ်လမ်းလေး အဖြစ်လောက်
နင်…….သတိရနေလိုက်ပါ
ငါကတော့
နာမည်တူဆိုရင်တောင်
ခေါင်းငုံ့ရင်ခုန် ရှက်ရွံ့ဆဲပေါ့။

ပြန်တွေးတိုင်း မရှုမလှပါချစ်သူ
အိမ်ကွင်းမှာ ရှုံးခဲ့တယ်။    ။

In: ကဗျာ Posted By: Date: Nov 8, 2012
Comment #1

ကောင်းလိုက်တဲ့ကဗျာလေး…….

commentinfo By: May Kha at Nov 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment