Professional Authors

ချစ်သူသည်သာ

ချစ်သူသည်သာ

ချစ်သူသည်သာ

စိုက်ပျိုးထားတဲ့ နွေးထွေးမှုတွေနဲ့ ကောက်သင်းကောက်နေတဲ့အချစ်ကို
နှလုံးသားထဲ သိမ်းထားရင်း အချစ်ကို
ခွဲခြမ်းစိတ်ဖြာနေခဲ့မိတဲ့နောက် . . .။

ကျိုးပြတ်သွားတဲ့ ရင်ခုန်သံအသေတွေကြားမှာ
ကျရှုံးသွားတဲ့ ငိုချင်းချစစ်သည်တော်တစ်ယောက်ရဲ့
သိက္ခာမာနဟာ ဗီးနပ်စ်သခင်မဆီ
ဝပ်တွားခယနေမှန်း မသိခဲ့ဘူး။

ခက်ထန်မာကျောနေတဲ့ ကိုယ့်နုလုံးသားဟာ
ကိုယ်မသိအောင် တိတ်တဆိတ်ငိုကြွေးလို့
ကိုယ့်စိတ်တွေဟာလည်း ကိုယ့်မသိနိုင်တဲ့
ချောင်တစ်ချောင်မှာ ပုန်းအောင်းနေခဲ့ပြီ။

နောင်တတွေနဲ့ နေ၀င်ခဲ့ပြီဖြစ်တဲ့ ကိုယ့်ဆီမှာ
မင်းကို သိပ်ချစ်ခဲ့မိပါတယ်ဆိုတဲ့
ဝန်ခံမှုအသိုက်အမြုံလေးထဲကနေပဲ
သတိရခြင်းတွေကို ဖြန့်ကျဲပြီး
မျှော်လင့်နေတော့မယ် . . .ချစ်သူ။

(ပြန်မဆုံနိုင်တော့တဲ့ ချစ်သူတစ်ယောက်အတွက်)

In: ကဗျာ Posted By: Date: Oct 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment