Professional Authors

အနိုင် အရှုံး

တစ်ချပ်တည်း
ဒါပေမယ့် အသေသတ်နိုင်တယ်။

မမြင်စေချင်သေးပါ
လုံအောင် ဖွက်ထား
သူ့ရှေ့မှာ ကိုယ်ရှုံးနိမ့်လျက်သား။

အောင်ပန်းမပန်ခင်မှာ
ထောင်တဲ့ တက်၊
နှိမ်သလိုအပြုံးနဲ့ ငုံ့ကြည့်တဲ့ မျက်လုံး
အရာအာလုံးက အမှောင်အတိဖုံး။

သူ့ လှံစိုက်ဖို့
နိမ့်နေတဲ့ မြေပြင်ဟာ ကိုယ်။

ရော့
ကြည့်ထား…

ရုတ်တရက်…
အပြုံးတွေ ပြေ၊
အကြည့်တွေ ဝေ။

အဲ့သည်မှာ
တစ်ချပ်တည်း
ဒါပေမယ့် အသေသတ်နိုင်တဲ့
ငါ့ဝှက်ဖဲ။

14.2.14
2:56 PM

In: ကဗျာ Posted By: Date: Feb 14, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment