Professional Authors

“ မျက်ဝန်း ဘာသာစကား ”

နှုတ်ခမ်းက ဖွင့်ဟပြောဖို့မလိုတဲ့ စကားတွေ . . .

နင် . . .နှလုံးသားနဲ့ပဲ နာကြားပါ။

မျက်ဝန်းတွေရဲ့ ဘာသာစကားကို

နင်နဲ့ငါ . . .တတ်ကျွမ်းခဲ့ပြီးသားပါ . . .။


ငါ့ မျက်ဝန်းက စကားတစ်ခွန်း

နင်တစ်ဦးတည်းအတွက် မူပိုင်ပေးထားတယ်။

နင့်ကို ငါ အရမ်းမုန်းနေခြင်း နှင့် ညီမျှစွာ

နင့်ကို ငါ အရမ်းချစ်တယ် . . . .။

 

ငါတို့ နှစ်ယောက်ကြားက

ခပ်ပါးပါးချည်ထားတဲ့ ကြိုးတစ်ချောင်း

ပြတ်တောက်သွားခြင်းဟာ

အားလုံးကို မေ့ပစ်ဖို့မဟုတ်ဘူး . . .၊

ပိုမိုခိုင်မာတဲ့ ကြိုးတစ်ချောင်း

ပြန်လည်ချည်နှောင်ဖို့ဆိုတာ

နင် မေ့ထားနိုင်လို့လား . . . ။

 

ကိုယ် ကိုယ်တိုင်တောင် မယုံကြည်တဲ့

စကားလုံး စိမ်းစိမ်းတွေ . . .

ငါ့အပေါ် ရွာရွာမချနဲ့ .  .၊

ငါက . . . .

နင့်မျက်ဝန်းတွေကို ဘာသာပြန်တတ်ခဲ့ပြီးသား . . .။

                                            ဆူး

In: ကဗျာ Posted By: Date: Mar 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment