Professional Authors

ညဥ့်ငှက်ကလေး

လှပသော ညဥ့်ငှက်ကလေးများ
ငှက်ဆိုးများရဲ့ ခေါ်ဆောင်ခြင်းကို
ခံရသော ညဉ်ငှက်ကလေးများ….

နားလည်ပါတယ် ညဥ့်ငှက်ကလေး
မင်းခြေထောက်တွေ မကွေးချင်ပဲ ကွေးနေရတာ

နားလည်ပါတယ် ညဥ့်ငှက်ကလေး
မင်းလက်တွေမကမ်းချင်ပဲ လှမ်းနေရတာ

နားလည်ပါတယ် ညဥ့်ငှက်ကလေး
မီးရောင်စုံတွေအောက်က မင်းမျက်ဝန်းမှာ
မျက်ရည်တွေစိုလက်နေတာ…။

ကိုယ်ချင်းစာပါတယ် ညဥ့်ငှက်ကလေး
မင်းတို့ ဘ၀ရဲ့ ဖြစ်တည်မှုတွေကို…။

အားတင်းထားပါ ညဥ့်ငှက်ကလေး
အမှောင်တွေပြီးရင်
အလင်းတွေရောက်လာမှာပါ…။

ဘ၀ကိုရိုးသားနိုင်အောင်ကြိုးစားပါ ညဥ့်ငှက်ကလေး
အလိုကြီးမှု ရမ္မက်ကြီးမှုတွေကို မေ့ထားပါ ညဥ့်ငှက်ကလေး
ရိုးသားမှုနဲ့ ရတဲ့ ဖြူစင်တဲ့ဝမ်းစာကို
ရောင့်ရဲတတ်ပါ ညဥ့်ငှက်ကလေး….

မင်းမဖြစ်ချင်တဲ့ ဘ၀ကရိုးသားစွာ
ရုန်းထွက်ပါ ညဥ့်ငှက်ကလေးေ၇…

အရင်တစ်ခေတ်က မြန်မာမိန်းမများကို
အတုယူပါ ညဥ့်ငှက်ကလေး….။

 – ဒီကဗျာလေးမှာ မှားယွင်းမှုများရှိခဲ့ပါကနားလည်ဖတ်ရှုပေးကြရန်မေတ္တာရပ်ခံပါတယ် …။

In: ကဗျာ Posted By: Date: Mar 12, 2013
Comment #1

phat shu arr pay twar par de

commentinfo By: ei lay at Mar 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment