Professional Authors

ခဏလေးပါ..လောကဓံရယ်

“ဘ၀” နဲ့ “ဗီဇ”

ထပ်တူကျချင်မှကျမယ်

“ချစ်ခြင်းမေတ္တာ” နဲ့ “သစ္စာတရား”

မျက်စိရှေ့မှာပဲ မနှုတ်ဆက်ဘဲ

ပျောက်ပျောက်သွားတတ်တယ်။

 

သူ…တော်တော်မြတ်နိုးတန်ဖိုးထားခဲ့ပါတယ်

ပြောနေကျ..သည်းခံမှု အကန့်အသတ်ဆိုတာ

သူ့အတွက် ဟာသ တပုဒ်ပါ။

 သူမအပေါ်ထားတဲ့ အကန့်အသတ်ကို သူချိုးဖျက်ခဲ့တာ

တော်တော်ကြာခဲ့ပေါ့။

 

သူမ အပေါ်သူဘယ်တော့မှ

ကန့်သတ်ချက်မထားခဲ့ပါဘူး။

သူမ အပေါ်အနိုင်ယူဖို့ဆိုတာ

သူ့ဘ၀မှာ အခက်ခဲဆုံးအလုပ်တခု။

 

 ဖြစ်သမျှ..ရင်ဆိုင်ပြီး

ဘ၀ကိုရုန်းထွက်ချင်စိတ်က

အချိန်နဲ့ အမျှ။

 

ခြေလှမ်းတွေများသလောက်

ခရီးမရောက်ခဲ့ပါဘူး။

မာနတွေနဲ့ ဖြစ်တည်ခဲ့တဲ့လူတယောက်

နောက်ဆုံးတော့

ဒေါသကိုသာ

လက်သိပ်ထိုး..တိတ်တဆိတ်ပေါင်းသင်းခဲ့ရသူပေါ့။

 

သူမ မှာလည်း..အဲ့လိုစိတ်ထားမျိုး

ရှိကောင်းရှိမယ်ထင်တယ်။

 

ကိုယ့်ကိုကိုယ်ရူးသွပ်မှုတခုမှန်း သိပေမယ့်

ရူးသွပ်ချင်နေမိတယ်။

အဖြစ်နောက်က အပျက်လိုက်သလိုပေါ့

သူ ထိုနေရာကို ရောက်ရှိခဲ့ပါပြီ။

 

အစတော့..သူတို့နှစ်ယောက်

အဖြူထည်လေးရူးသွပ်ခဲ့ကြတာပါ

ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက

သူတို့ကို အပြာရောင် မှတ်ချက်တွေ

အများကြီးပေးခဲ့ကြတယ်။

 

ရွှေခတ်တွေပြန်ပြန်ပြောပြီး

လက်ရှိ အနေချောင်အောင်လုပ်တဲ့လူတွေ

ကိုလဲ သူအသည်းနာတတ်တယ်။

 

ဒါတောင် သူ့အတွက်

လက်ညိုးတွေများ စကားတွေလွင့်

မရေရာမှု…အသိုက်အမြုံထဲက မင်းသားအဖြစ်နဲ့

ကျိုတို့ကျဲတဲ အခွင့်လမ်းကို

မရမကဖမ်းဆုပ်ရင်း

ညမဟုတ်တဲ့ညတွေကို ဖြတ်သန်းရင်း

မိုးလင်းခဲ့တာ အကြိမ်ကြိမ်။

 

တချိန်မှာတော့ နှလုံးသားချင်း

ပေါင်းစည်းမယ် ထင်ပါရဲ့။

ထိုမျှော်လင့်ချက်လေးနဲ့ပဲ

ထိုသူ ဆက်လက်ရှင်သန်နေပါတယ်။

 

မျှော်လင့်ခြင်းမှာ

ဆွဲငင်အားတွေနဲ့

တွန်းကန်အားတွေရောယှက်နေတယ်ဆိုတာ

တဖြည်းဖြည်း နားလည်လာတယ်။

အခက်အခဲဆိုတာ…တခဏပါ ဆိုသူတွေအတွက်

သူ…ထိုသူတွေ..အစားဝင်ပျော်ပေးနေပါတယ်။

 

သူ ခံနိုင်ပါ့မလား…

သူဆက်လက် ရှင်သန်ချင်ပေမယ့်

သူမ လောကဓံ မခံနိုင်တော့မှန်း

ကျွန်တော် အလိုလိုသိပါတယ်။

 

သူတို့နှစ်ယောက် ရဲ့

နေ၀င်ချိန်ဟာ အလင်းထက်တောင်

မြန်ဆန်နေတယ်။

ဒါပေမယ့်..ထိုသူနေချင်သေးတယ်

ဒုက္ခတွေကို နှလုံးသားနှစ်ခုပေါင်းစပ်

ဖြေရှင်းချင်နေသေးတယ်။

 

သူတို့ ရဲ့ ဆက်ဆံရေး

စဉ်းစားကြည့်ရင်..ဘာမှမရေရာ

တစ်ယောက်နဲ့ တစ်ယောက်စိတ်မလွင့်အောင်

အပေါ်ယံ ဆက်ဆံမှုတွေတိုးလာတာကလွဲလို့

ကျန်တာ နတ္တိအမျှ။

 

စိတ်လိုလက်ရအပြန်အလှန် တွေးဖြစ်သေးပေမဲ့

ယုံကြည်မှုတွေနည်းလာတယ်။

သူမ သူ့အပေါ် ခါးသီးစွာတုန့်ပြန်မှုတွေက

နေ့စဉ်အမျှ။

 

ဝတ္တရားဆန်တဲ့ တုန့်ပြန်မှုမျိုး တောင်

မမြင်ရတာ အတော်ကြာခဲ့ပြီ

စိတ်ကုန်သွားဆက်ဆံရေးမျိုးလဲ

မကြာမကြာထုတ်သုံးတတ်တယ်။

 

အချစ်စစ်မှာ ဟန်ဆောင်မှုကင်းရမယ်လို့ ပညာတ်ထားပေမယ့်

သရုပ်ဆောင်တတ်လာတယ် ..

ထိုသူ စိတ်တွေကို မကြာခဏ

မာကြောချင်ယောင်ဆောင်ထားရတာ

ပင်ပန်းနေပြီဆိုတာ..ကျွန်တော်အသိဆုံး။

 

ဘ၀နဲ့အချစ်ကတော့ ငြိမ်းချမ်းရေယူလို့မရတဲ့

မဟာမိတ်တွေလိုပါပဲ။

အရင်တချိန်ကယုံကြည်တာတွေ

ခုချိန်မှာ လက်ဆုပ်လက်ကိုင်ပြစရာမဲ့လာတယ်.

လောကကြီးက အချစ်သက်သက်နဲ့

ဘ၀တည်ဆောက်မယ့်သူတွေကို

အာမခံ မပေးတတ်ဘူးဆိုတာ

သူတဖြည်းဖြည်းသဘောပေါက်လာတယ်..

အရင်ကတည်းကမပေးခဲ့တာပါ။

 

ဒုက္ခကို တစ်ဖက်လူသိအောင်

ပြောမပြတတ်တာ..သူ့ရဲ့အားနည်းချက်မဟုတ်တဲ့

ဘ၀ပေးကုသိုလ်ကံလို့တော့အရင်က ပြောဖူးတယ်။

 

သူက သူ့ဒုက္ခအပေါ်

ကိုယ်ဖော့ဖော့ နေတတ်လွန်းလို့

တစ်ဝက်ကူညီစာနာမှုသာ ရရှိခဲ့သူပေါ့။

 

လူမှုရေးမှာ အစွန်းမရောက်အောင် ထိန်းတတ်တယ်။

 

သစ်ရွက်တွေလှုပ်ခတ်တယ်

စာရွက်တွေလွင့်တယ်

အစွန်းအဖျားမှာ တင်ထားတဲ့အရာတွေ

မြေခတယ်။

 

ပတ်ဝန်းကျင်တခုလုံး လှည့်ပတ်ကြည့်ပြီးပြီ

ဘယ်သက်ရှိသက်မဲ့ဒြပ်ရှိဒြပ်မဲ့

သူလောက် ခြောက်သွေ့နေတာ မတွေ့ဘူး။

 

 

“ပျော်ရွှင်ခြင်းဆိုတာ ခုန်ပေါက်ကစားခြင်းတစ်မျိုးပါပဲ။

ဘဝဆိုတာ ဓါးချက်တွေမွှန်းထားတဲ့ အရှင်လတ်လတ်ငါးပဲ။”

 

တဒင်္ဂပျော်ရွှင်မှုတွေ

အခါခါသောက်သော်လည်း

ညဥ့်လည်မှာ သောက်သုံးတဲ့ စီကလက်တလိပ်သာသာ

 

လက်တစ်ဆစ်စာ ရယူမှုနဲ့ ရောင့်ရဲခဲ့သူပါ။

တကယ်တော့ အချစ်ဆိုတာ လေညင်းသာသာမှာ

လွင်းပါးသူ ပုဝါစကလေးပဲလို့

သူတီးတိုးရေးရွှတ်ရင်း…နောက်တနေ့

ရှင်သန်ဖို့……..။

 

 

 FiйaL⎝⋋⏝⋌⎠mUtaTioй

>>4:00 PM 

>>30.01.2011

မှတ်ချက်။          ။ ဤကဗျာ သည် ဆရာမောင်ချောနွယ်၊ ဆရာစိုင်းဝင်းမြင့်၊ ကို သက်ထွေး  ကဗျာများမှ

                          စာသားတချို့မှီငြမ်းထားပါသည်။

 

In: ကဗျာ Posted By: Date: Apr 20, 2011
Comment #1

ခြေလှမ်းတွေများသလောက်

ခရီးမရောက်ခဲ့ပါဘူး။

မာနတွေနဲ့ ဖြစ်တည်ခဲ့တဲ့လူတယောက်

နောက်ဆုံးတော့

ဒေါသကိုသာ

လက်သိပ်ထိုး..တိတ်တဆိတ်ပေါင်းသင်းခဲ့ရသူပေါ့။

commentinfo By: May Kha at Apr 21, 2011
Comment #2

ဘ၀” နဲ့ “ဗီဇ”

ထပ်တူကျချင်မှကျမယ်

“ချစ်ခြင်းမေတ္တာ” နဲ့ “သစ္စာတရား”

မျက်စိရှေ့မှာပဲ မနှုတ်ဆက်ဘဲ

ပျောက်ပျောက်သွားတတ်တယ်။
အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Apr 21, 2011
Comment #3

May Kha နဲ့genius.jinx28 ကို ကျေးဇူးတင်ပါတယ်ဗျာ
အခုကို တကူးတက..ကျနော့်ကဗျာတွေကို စိတ်ရှည်ရှည်နဲ့ လာဖတ်ပေးလို့…:)

commentinfo By: finalmutation at Apr 21, 2011
Comment #4

ကဗျာေ၇းတဲ့ ညီအစ်ကိုမောင်နှမအချင်း2..အားပေးကြ၇တာပေါ့.
ပေးလိုက်တဲ့ commentက ဆက်ေ၇းဖို့. အားဆေးတစ်ခွက်ပဲလေ.

commentinfo By: genius.jinx28 at Apr 21, 2011
Comment #5

ကဗျာက ဖတ်ဖူးထားတာလေးတွေနဲ့ တော်တော်လေးကို တူနေတယ်..

“ဘ၀” နဲ့ “ဗီဇ”

ထပ်တူကျချင်မှကျမယ်

“ချစ်ခြင်းမေတ္တာ” နဲ့ “သစ္စာတရား”

မျက်စိရှေ့မှာပဲ မနှုတ်ဆက်ဘဲ

ပျောက်ပျောက်သွားတတ်တယ်။

ဖတ်ဖူးတာက —

“ဘ၀” နဲ့ “ဗီဇ”
အစီအစဉ်ကျချင်မှကျမယ်
“ချစ်ခြင်းမေတ္တာ” နဲ့ “သစ္စာတရား”
လက်ဖမိုးကြားက လွတ်ထွက်သွား …

http://thettwe.me/my-writings/155
————————————————————-
မျှော်လင့်ခြင်းမှာ

ဆွဲငင်အားတွေနဲ့

တွန်းကန်အားတွေရောယှက်နေတယ်ဆိုတာ

တဖြည်းဖြည်း နားလည်လာတယ်။

ဖတ်ဖူးတာက—

မျှော်လင့်ခြင်းမှာ
ဆွဲငင်အားရှိသလို
တွန်းကန်အားလည်းရှိတယ်ဆိုတာ
တဖြည်းဖြည်း နားလည်လာတယ် .

http://thettwe.me/my-writings/209

————————————————————–
ဝတ္တရားဆန်တဲ့ တုန့်ပြန်မှုမျိုး တောင်

မမြင်ရတာ အတော်ကြာခဲ့ပြီ

စိတ်ကုန်သွားဆက်ဆံရေးမျိုးလဲ

မကြာမကြာထုတ်သုံးတတ်တယ်။

အချစ်စစ်မှာ ဟန်ဆောင်မှုကင်းရမယ်လို့ ပညာတ်ထားပေမယ့်

သရုပ်ဆောင်တတ်လာတယ် ..

ဖတ်ဖူးတာက—

စက်မှုနည်းပညာခေတ်ကြီးထဲ အရာရာကို
ဝတ္တရားဆန်ဆန် ဆက်သွယ်ခဲ့မိတယ်။
http://thettwe.me/my-writings/292

သာလိကာလို ဝတ္တရားဆန်တဲ့ တုန့်ပြန်မှုမျိုး
မဖြစ်မနေဆက်ဆံရတဲ့အခါမျိုး မကြာမကြာထုတ်သုံးတယ် ..
ကောင်းကောင်းဟန်မဆောင်တတ်ပေမဲ့
သရုပ်ဆောင်တတ်လာတယ် .
http://thettwe.me/my-writings/209
—————————————————————

commentinfo By: april moe at Apr 22, 2011
Comment #6

ဟုတ်ပါတယ်…ဒီကဗျာလေးက ကျွန်တော် ဖတ်ခဲ့ရတဲ့…… ကိုစိုင်းဝင်းမြင့်…ကိုသက်ထွေး…ဆီက နေကျွန်တော် ရင်ထဲ ရောက်ခဲ့တဲ့စာသားလေးတွေနဲ့..ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်လေးတွေနဲ့ ပြန်လည်ပေါင်းစပ်ဖန်တီးထားတာပါ။ အဲ့ဒါမို့လို့..သူတို့ စာသားလေးတွေ ပြန်လည်ပါဝင်နေတာဖြစ်ပါတယ်။ကိုစိုင်းဝင်းမြင့်တို့…ကိုသက်ထွေးတို့ ဆိုတာ ကျွန်တော် သင်ဆရာ၊မြင်ဆရာ တွေပါ။….အခုလို…ဝေဖန်အကြံပေးလို့လဲ april moe ကိုကျေးဇူးတင်ပါတယ်။

commentinfo By: finalmutation at Apr 22, 2011
Comment #7

ကို finalmutation ရှင့်.. အခုလိုပြန်လည်ဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ အစ်ကို့အနေနဲ့ စာသားတွေပြန်လည်ပေါင်းစပ်ဖန်တီးထာတယ်ဆိုရင်လည်း အောက်ဆုံးမှာ မှီငြမ်းထားတဲ့ အကြောင်းနဲ့ မှီငြမ်းထားတဲ့ ကဗျာဆရာနာမည်လေးတွေ ထည့်ပေးရင် ပိုပြီးပြည့်စုံတာပေါ့ရှင့်။ သူတို့ စာသားတွေပါနေပြီးတော့ နာမည်မထည့်ထားပေးတော့ သူတို့ကိုလေးစားသမှုမရောက်ပဲ စော်ကားရာရောက်နေမှာစိုးလို့ အကြံဥာဏ်ပေးတာပါရှင်။ စိတ်မဆိုးပါနဲ့နော်။ ကျွန်မကလည်း ကျေးဇူးတင်ပါတယ်။

commentinfo By: april moe at Apr 22, 2011
Comment #8

ဟုတ်ကဲ့ပါခင်ဗျာ..ကျွန်တော့်ကို က လိုသွားတာပါ…..အစောကတည်းက မှီငြမ်းကို ထည့်မလို့ပါပဲ…. တင်ချင်စောများပီး..မေ့သွားတာပါ…။ စော်ကားတာလဲ မဟုတ်ရပါဘူး……စော်လဲ မစော်ကားရဲပါဘူး။.သူတို့ကဗျာကို ခုတုံးလုပ်ပီး… အောင်မြင်မှုကို မှိန်းနေတဲ့ကောင်လဲ မဟုတ်ပါဘူးဗျာ…။ကျွန်တော်က အခု မှဒီလောက အနေနဲ့ဆို အပျံသင်ခါစပဲရှိပါသေးတယ်…။

ဒါဆို မ apil moe ကျေနပ်လောက်မယ်ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

commentinfo By: finalmutation at Apr 23, 2011
Comment #9

ဘ၀နဲ့အချစ်ကတော့ ငြိမ်းချမ်းရေယူလို့မရတဲ့

မဟာမိတ်တွေလိုပါပဲ

commentinfo By: moe at May 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment