Professional Authors

Absurdity

သင်္ကြန်မိုးတဲ့လား

အဲဒီအစား မျက်ရည်မိုးတွေနဲ့

ငါ့ရင်ထဲမှာ ဗြောင်းဆန်နေခဲ့တရ် …

အများသူငါတွေ ပျော်ရွှင်နေတဲ့အချိန်မှာ

ပျော်ရွှင်မှုနဲ့ မသက်ဆိုင်တဲ့သူလို

အမှောင်ထဲမှာ တိတ်တိတ်လေး

ငါနေ နေခဲ့ပါတရ် …

ဟုတ်ပါတရ်

လောကကြီးရဲ့ အနှစ်သာရကိုလိုက်ရှာရင်း

လူတွေနဲ့ငါ တဖြည်းဖြည်းဝေးကွာသွားခဲ့တရ် …

စဉ်းစားဆင်ခြင်တတ်လွန်းသတဲ့

ငါ့ကိုနင်သတ်မှတ်ခဲ့တရ် …

အမှန်တကယ်တော့

ငါ့စိတ်ကူးတွေကို ဘောင်ခတ်ခြင်းခံခဲ့ရတာပါ

အခုတော့လည်း

အိပ်မက်ဟာ အိပ်မက်လိုပဲရှိပါစေတော့ …

ပျော်ရွှင်ခြင်းဆိုတာကို

ဘာနဲ့ဝယ်ယူရပါ့မလဲ …

တားဆီးမရတဲ့ သက်ပြင်းတွေပဲ

အခါခါချရင်း စဉ်းစားခန်းဝင်နေမိတရ် …

ပတ်ဝန်းကျင်မှာ ပျော်ရွှင်နေတဲ့လူတွေရဲ့

နှစ်သစ်ကိုကြိုဆိုသံတွေကြားမှာ

သင်္ကြန်ရဲ့ မိနစ် စက္ကန့်တွေ

တဖြည်းဖြည်းပဲ့ကြွေသွားပြီ …

ဟူး…………

ငါအတွက်ကရော

လူတွေရဲ့ရင်ခုန်သံတွေနဲ့

ဆူညံနေတဲ့ သင်္ကြန်ဆိုတဲ့ ကာလတစ်ခုမှာ

အထီးကျန်ခြင်းတွေနဲ့

တိတ်တိတ်လေးနေသားတကျဖြစ်လာခဲ့တရ် ……..

In: ကဗျာ Posted By: Date: Apr 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment