Professional Authors

အရိုင်း

ဟုတ်တယ်…..
ငါက ‘အရိုင်း’
အရွယ်နဲ့မလိုက်အောင်အရိပ်တွေဖြန့်ချင်နေတဲ့ခပ်ရူးရူးသစ်ပင်
တောင်ပံကျိုးတဲ့အထိ မနားတမ်းပျံချင်တဲ့ငှက်ပေါက်စ
တုံးတွေ့တိုင်း ခြေထောက်နဲ့ပိတ်ကန်ချင်တဲ့ငကြောင်
ကိုယ်လုပ်ချင်ရာလုပ်ပြီး ပတ်ဝန်းကျင်ကိုဥပေက္ခာမပြုနိုင်တဲ့လူညံ့
ဘယ်လိုမျိုးခေါင်းစဉ်တပ်တပ်
ငါက ငါ့ အတွက်ပဲအသက်ရှုတယ်
လူပီပီသသပဲ လူ လုပ်နေတယ်
ချစ်ရမှာမကြောက်ပေမဲ့
ပေးသလောက်ပြန်မရတဲ့အခြေအနေကြောင့်
ခေါင်းမဖော်နိုင်တော့တဲ့ကောင်……..
အတ္တကိုရှေ့ဆုံးမှာထားပြီး
လွတ်လွတ်လပ်လပ် ပဲ လွတ်လပ်ချင်တဲ့ကောင်ပါ……
ကျေးဇူးပြုပြီး……
လုပ်ယူမှရတဲ့ယဉ်ကျေးမှုတွေ ငါ့ ကိုလာမပြောကြပါနဲ့
နားခါးလွန်းလို့…..
ကိုယ့်ဘ၀နဲ့ကိုယ်ပဲ ဆက်ရိုင်းနေပါရစေ
ဟုတ်တယ်
အဲဒီလိုမျိုး…..
မဖြစ်နိုင်မှန်းသိပေမဲ့လောကကိုခါးစောင်းတင်ချင်နေတဲ့ ‘အရိုင်း’ က ငါ …..

In: ကဗျာ Posted By: Date: Jul 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment