Professional Authors
သူမမေးစေ့အောက်က မှဲ့ လေးက ပြုံးပြ ရယ်ပြတတ်တယ် (မိုးထက်အောင်)
သူမမေးစေ့အောက်က မှဲ့ လေးက ပြုံးပြ ရယ်ပြတတ်တယ်
အရူးတစ်ယောက်ရဲ့ ကကွက်က ခေါင်း ခါး ခြေ လက် စည်းချက်မဲ့
ပလိုင်းထဲကမြှားတွေမှာ သားကောင်မှန်ရင်မစိုက်တဲ့မြှား ဘယ်နှစ်ချောင်းပါခဲ့သလဲ
ဒီနေ့ တောကစားထွက်တာ နတ်သမီးတစ်ကောင်ပဲရလိုက်တယ်
အိုဇုန်းလွှာကြီးရေ ငါ့ခေါင်းပေါ်တည့်တည့်မှနင်ကစုတ်ပြဲနေရတယ်လို့ 
သိန္ဓောမြင်းကို လှည်းတပ်မောင်းလိုက်ရရင်နေ့ တွက်တော်တော်ကိုက်မယ် ခင်ဗျားပန်းရထားကတော်တော်ဆီစားတယ် မယုံရင်မောင်းကြည့်
ကျွန်တော့်ဂစ်တာငှားသွားတဲ့ပဉ္စသိင်္ခလည်း သီချင်းရေးဆရာဖြစ်နေပြီ ခင်ဗျားနှာခေါင်းပေါက်နဲ့ အသက်ရှူရတာတော်တော်သက်သာတယ်
လေထုမညစ်ညမ်းဖို့  ကာဗွန်ဒိုင်အောက်ဆိုဒ်တွေများများထုတ်ပေးစမ်းပါ ကျွန်တော်အပင်တွေခုတ်ထားမယ်
အဲဒီ့ပိပြားနေတဲ့ခေါင်းစဉ်ကြီးကိုရှည်မျောမျောဆွဲထုတ်ကြည့်တိုင်း ခင်ဗျားတို့ ကျွန်တော်တို့ နွားလှည်းတွေ မီးပွိုင့်ခဏခဏမိတယ်
ကျွန်တော့်ဝေဒနာလေးတွေ အာမခံနဲ့ ပြန်ထုတ်ပေးကြစမ်းပါ ဟိုးဖက်အစွန်းကိုရောက်ဖို့ ဒီနေရာမှာရပ်ရင်း နောက်လှည့်ကြည့်လိုက်ရင်ရပြီ
ဘာပဲပြောပြော ဒီကဗျာက အာဒံရဲ့ဘယ်ဖက်နံရိုးတစ်ချောင်းက စခဲ့တာလေ
သူမမေးစေ့အောက်က မှဲ့ လေးကိုပဲ သတိတရသီဆိုနေမိတာ ကျွန်တော်မလွန်ဘူး
(ငါ့ရဲ့မြစ်ဖျားခံရာလေးရေ………..)
ပင်လယ်ထဲမှာ မျက်လုံးတွေရွက်လွှင့်နေကြတာ လှိုင်းကြီးတော့မယ် နင့်ရယ်သံလေးပဲငါ့ရေကာတာလေးကိုစွမ်းစွမ်းတမံကာကွယ်နိုင်တော့မှာ
ခဏခဏပြောဖူးပါတယ် ခြံထောင့်က စံပယ်တွေပွင့်အားကောင်းပါတယ်လို့ 
နင့်ခေါင်းမှာ ကြယ်တွေအတွဲလိုက်ပန်ထားတာ ငါ့မျက်လုံးထဲအထိမွှေးတယ်
ဘီသိုဗင်တေးသွားမှာ ကျွန်တော်တို့ ဆီကနတ်ဒိုးလေး နည်းနည်းလောက်ထည့်ပါရစေ
ခင်ဗျားတို့ မပြောနဲ့  တာရာမင်းဝေရဲ့ ရွှေဖိနပ်မှာအစိမ်းရောင်ကြတ်ခြေခတ်နဲ့ ကောင်မလေးကိုကျွန်တော်ချစ်နေတာ
ဘာရယ်လို့ တော့မဟုတ်ပါဘူး မင်းတောင့်တလွန်းလို့  ငါကိုယ်ထင်ပြမိတာ
ကတိုက်ကရိုက်ထွက်လာခဲ့မိတော့ အရောင်တော့နည်းနည်းမှိန်မယ် ဒီကဗျာအမျိုးအစားကလွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းကပေါ်နေခဲ့တာ
ကမ္ဘာ့စီးပွားရေးပျက်ကပ်က ငါ့အိတ်ကပ်ထဲကိုမှ လာလာပျော်ပါးနေခဲ့
နင့်ခြေဖ၀ါးလေးအတွက် အဲဒီ့စတိုးဆိုင်ရှေ့ ကလှည့်လှည့်ပြန်လာခဲ့ရတာ ဒါပါနဲ့ ဆို ကိုးဆယ့်ကိုးခါမြောက်
ကဗျာတွေ ရေးရင်း ရေးရင်းနဲ့  အစာအိမ်တောင်ကျဉ်းကျဉ်းလာခဲ့တယ်
သြော်……စကားမစပ်
ငါ့အိမ်မက်ထဲ နင့်မေးစေ့အောက်ကမှဲ့ လေး ပြုံးပြ ရယ်ပြနေတာ တော်တော်လှတယ်။                     ။
                                                                                                          မိုးထက်အောင်
In: ကဗျာ Posted By: Date: Apr 12, 2011
Comment #1
😀
commentinfo By: အသဲကွဲမိုး at May 15, 2011
Comment #2
ha,,ha…
mike de kwar.
commentinfo By: ei lay at Aug 24, 2011
Comment #3
စလာပီ ကိုမိုးထက်အောင် တို့ ကတော့ …….
အသဲကွဲ မိုးက မဆီမဆိုင် သွားရီပြနေတယ် စိတ်မထိန်းနိုင်ပဲ ကိုမိုးထက်ကြီး ဖက်နမ်းလိုက်မှ အဟိ
Comment #4
he,,he,,
ya loh lar?
commentinfo By: ei lay at Aug 24, 2011
Comment #5
မြင်လဲမြင်တတ်ပါပေ့ဗျာ..။
commentinfo By: zawthetoo at Aug 3, 2012
Comment #6
မိုက်တယ် မိုက်တယ် ဆရာတာရာမင်းဝေတောင်ပါလိုက်သေးတယ် သဘောကျပဗျာ
commentinfo By: တက်ခေတ် at Nov 11, 2012
Comment #7
ဘယ်အချိန်ဖတ်ဖတ်အကြီးကြီးပြုံးမိတယ်
အကြီးကြီးကြိုက်တယ်
commentinfo By: ei lay at Feb 11, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment