Professional Authors

သင်ရိုးကဗျာ

မလှမွန် …

 

ငါ့ကို ထူပါ …

စေတနာတွေ နောက်ထားပြီး ငါ့ဒဏ်ရာကို ဆေးထည့်ပါ …

 

ဩ၀ါဒတွေ … ဒေါ်လာ($)တွေ

နောက်ထားပြီး ကျွန်တော်ဘာမှားနေလဲ ဆိုတာသာ

သင်ပြပေးပါ ဦးဖိုးကျား …

 

လူဘယ်နှစ်ယောက်ကို ခင်ဗျား ကယ်ခဲ့တယ် …

ခင်ဗျား တဆိတ်ကို တအိတ်လုပ်ပြီး

နာမည်ကောင်း ဘယ်လိုယူခဲ့တယ်… ဆိုတာ ကျွန်တော်မသိဘူး ကိုသာဇံ …

အရေးကြီးတာ အရေးကြီးတာပါပဲ လို့ ခင်ဗျား သိထားဖို့ပါပဲ …

 

လူဆိုးတွေကို ဟိတ်ဟန်ကြီးဖမ်းပြဖို့ထက်

သိုးရေခြံ အတုအယောင်မြေခွေးတွေကိုသာ

ထိုက်ထိုက်တန်တန်အရေးယူပေးပါ ကိုလှရွှေ …

 

တကယ်တော့ ကျွန်တော်တို့တွေဟာ

အလုပ်ချိန်မှာ အိပ်နေရပြီး ဆာလောင်ငတ်မွတ်နေကြတဲ့ သူတွေဆိုတာ …

ခင်ဗျား အသိဆုံးပါ ကိုဖိုးမောင် …

ဒါကြောင့် ကျေးဇူးပြုပြီး ဟောက်သံကို နည်းနည်းလျှော့ပါ …

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

ခင်ဗျားတို့ ဘာတွေ တွေးနေကြတာလဲ …???

ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲ …???

ခင်ဗျားတို့ ဘာတွေ လုပ်နေကြတာလဲ …???

 

အကြံတခုတော့ ပေးချင်တယ် …

ခင်ဗျားတို့ ရွတ်ဖတ်သရဇ္ဇာယ်နေတဲ့ ဇာတ်ညွှန်းစာအုပ်ကြီးကို

ခင်ဗျားတို့ နှလုံးသားမှာ မရိုးမရွလေး ချိတ်တင်ထားရင်တော့ …

ခင်ဗျားတို့ဟာ ကာယကံ၊ ၀စီကံ၊ မနောကံတို့နဲ့ တလုံးတ၀ဖြစ်သွားမှာ အမှန်ပဲ …

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

ခင်ဗျားတို့ တွေးနေတာရဲ့ တစ်သန်းပုံတပုံလောက်

ကျွန်တော့်ကို နားလည်ခွင့်ပေးကြပါ …

နောက် …

ကျွန်တော် ခင်ဗျားတို့ကို ချစ်တတ်ဖို့ ကြိုးစားမိပါလိမ့်မယ် …

 

ခင်ဗျားတို့ လုပ်ရပ်တွေကို အမှန်အမှား မဟုတ်ဘဲ

မျက်ရည်ချိန်ခွင်တရားနဲ့ ချိန်ကြည့်ရင် …

ခင်ဗျားတို့ လုပ်ရပ်တွေက အလေးသာနေမှာကို တွေ့ရမှာ ဖြစ်တဲ့အတွက် …

နည်းနည်းလောက်တော့ လျှော့ပေါ့ပေးပါ …

ခင်ဗျားတို့ကို ကျွန်တော်ချစ်တတ်လာပါလိမ့်မယ် …

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

ခင်ဗျားတို့ ဖတ်နေကြ ဇာတ်ညွှန်းစာအုပ်ကြီးကို

ကျွန်တော့်ကို ခဏလောက် ပေးဖတ်စမ်းပါ …

ကျွန်တော့်ဘေးနားက လူတွေကို ဟာဒယရွှင်ဆေးအဖြစ်

ခဏလေးပဲ ရယ်, ရယ်ဗျာ … တ၀ကြီး တိုက်ကျွေးချင်လို့ …

– – – – – – – – – – – – – – – – – – – – – – – – –

In: ကဗျာ Posted By: Date: Sep 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment